ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ COVID-19 ကာကွယ်ဆေး အရေးပေါ်လိုအပ်မှုကို သိရှိရကြောင်းနှင့် နီပေါနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ် ပံ့ပိုးပေးရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့၌ ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် လူသောင်းချီ စုရုံး၍ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမော်လာ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံထားသူ လူဦးရေသည် ကမ္ဘာတွင် အများဆုံး ဖြစ်သည်။
မနီလာ၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗို့ပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကနဦးတိုင်းတာစစ်ဆေးမှုအရ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံငလျင် နှင့် မီးတောင်ဆိုင်ရာဌာန(Phivolcs) ၏ ထုတ်ပြန်ချက် အရ သိရသည်။
တိုကျို၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရာတွင် မခြွင်းမချန်အရေးကြီးမှုကိုထောက်ပြပြောကြားရာ၌ သက်ကြီးရွယ်အိုများအကြား ရောဂါကူးစက်မှု အရေအတွက် မြင့်တက်လာခြင်းကို တိုကျိုမြို့တော် အစိုးရ COVID-19 ကျွမ်းကျင်ပညာရှင်များအဖွဲ့ဆွေးနွေးပွဲက ဖေဖော်ဝါရီ ၄ ရက်တွင် သတိပေးလိုက်သည်။