ရန်ကုန်၊ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တနင်္လာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊မြန်မာ့ပင်လယ်ပြင်အတွင်း၌ ခိုးဝင်ဘင်္ဂါလီ ၁၇၃ ဦးဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား အနေဖြင့် မည်သည့် ကိစ္စကို မဆို ယတိပြတ် ဖြေကြားခြင်း မပြုဘဲ ညှိနှိုင်းဆဲ ၊ ဆွေးနွေးဆဲဟုသာ ပြန်ကြားနေခြင်းကြောင့် ၎င်းအနေဖြင့် စိတ်ပျက်ရကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင်...
ရှီးချန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) ပါဝင်သော ဂြိုဟ်တုနှစ်လုံးကို စီချွမ်ပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်စင်တာမှ အာကာသသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃:၂၂ နာရီက လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းသို့ လာရောက် အလုပ်အစီရင်ခံသော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်း အား ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နယ်စပ်ဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။