Connect with us

WORLD

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ စတင်၊ လန်ဒန်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်မည်ဟု ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများလုပ်ဆောင်ပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုများ စတင်ပြီဖြစ်ကြောင်းနှင့် လန်ဒန်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၄ ရက် ၁၈ နာရီ ၂၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၅၇၄,၉၆၉ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၈,၇၂၆ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၁,၀၅၁,၈၀၅ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၆၀၈,၆၄၈ ဦး အသီးသီး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများလုပ်ဆောင်ပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၁၅ ရက် ၆ နာရီ ၂၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၂,၆၆၄,၂၀၆ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၁၈,၈၂၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆,၄၂၀,၃၀၉ ဦး နှင့် သေဆုံးသူ ၃၀၀,၄၅၆ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာ ၁၄ ရက်က စတင်လိုက်ပြီဖြစ်ပြီး ပထမအသုတ်ကာကွယ်ဆေးထိုးနှံမှုတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဘိုးဘွားရိပ်သာ အစရှိသည့် ပြုစုစောင့်ရှောက်ရေးဂေဟာများတွင် ရေရှည်နေထိုင်ကြသူများပါဝင်ကြောင်း သိရသည်။
အမေရိကန် Pfizer ဆေးကုမ္ပဏီနှင့် ဂျာမနီ ဇီဝနည်းပညာ ကုမ္ပဏီ BioNTechတို့ ပူးတွဲသုတေသနပြု ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့် လျှောက်ထားချက်ကို အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဒီဇင်ဘာ ၁၁ ရက်တွင် ခွင့်ပြုခဲ့သည်။ အဆိုပါကာကွယ်ဆေးသည် အမေရိကန်နိုင်ငံတွင် ပထမဆုံး အရေးပေါ်အသုံးပြုခွင့်ရသည့် ကာကွယ်ဆေးဖြစ်ပြီး အသက် ၁၆ နှစ်နှင့်အထက်ရှိသူများကို အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများလုပ်ဆောင်ပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါအခြေအနေ အပြောင်းအလဲများကြောင့် လန်ဒန်နှင့် Essex ၊Hertfordshire ကောင်တီများရှိ မြို့နယ်အချို့တွင် ဒီဇင်ဘာ ၁၆ ရက်မှစ၍ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအမြင့်ဆုံး အဆင့်(၃) အဖြစ် တရားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အစိုးရက ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။ ယင်းဒေသများတွင် ပိုမိုတင်းကြပ်သည့် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများ ဆောင်ရွက်ရန် အတွက် အရက်ဘား၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များကို ပိတ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခြင်း၊ ပြဇာတ်ရုံများအား ပိတ်ထားခြင်း၊ ဥယျာဉ်ပန်းခြံ၊ ပင်လယ်ကမ်းခြေစသည့် နေရာများတွင် လူ ၆ ဦးနှင့်အထက် စုဝေးခွင့်မပြုခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှား ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားမှုဌာန၏ ဒီဇင်ဘာ ၁၄ ရက် အစီရင်ခံစာများအရ ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ အသစ်ထပ်တိုးအတည်ပြုလူနာ ၂၇,၃၂၈ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၂,၆၈၁,၂၅၆ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၄၅၀ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၄၇,၃၉၁ ဦး ရှိကြောင်း သိရသည်။ ရုရှားပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူရေးအေဂျင်စီ လူထုအမြင်ဖောင်ဒေးရှင်း၏ စစ်တမ်းများအရ ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံလိုသူ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်း ဖြေလျှော့မှု တတိယအဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဒီဇင်ဘာ ၁၄ ရက် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်မှစ၍ ကုန်တိုက်နှင့် လက်လီအရောင်းဆိုင်များ၏ လူဦးရေသတ်မှတ်မှုကို တစ်ဆင့်တိုးဖြေလျှော့ပေးမည်ဖြစ်ပြီး ခရီးသွားနေရာများက ခရီးသွားဧည့်သည်လက်ခံနိုင်မှုပမာကို ထပ်တိုးရန် လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့အပြင် အစိုးရအနေဖြင့် အိမ်တွင်း၊အိမ်ပြင် လှုပ်ရှားမှုနှင့် ဖျော်ဖြေရေးပွဲများ၌ ပါဝင်မည့်လူဦးရေကန့်သတ်မှုကို ၂၅၀ အထိ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际疫情)全球疫情简报:美国开始新冠疫苗接种 伦敦防控级别将调升至最高级

 新华社北京12月15日电14日全球疫情简报:美国开始新冠疫苗接种 伦敦防控级别将调升至最高级
  (小标题)全球数据
  世界卫生组织:截至欧洲中部时间14日18时23分(北京时间15日1时23分),全球新冠确诊病例较前一日增加574969例,达71051805例;死亡病例增加8726例,达1608648例。
  美国约翰斯•霍普金斯大学:截至北京时间15日6时26分,全球确诊病例达72664206例,死亡病例为1618823例。美国是全球疫情最严重的国家,确诊病例达16420309例,死亡病例为300456例。
  (小标题)新闻事件
  美国14日启动新冠疫苗接种,首批接种人群为医护人员和生活在养老院等长期护理机构的群体。美国食品和药物管理局11日批准了美国辉瑞制药有限公司与德国生物新技术公司联合研发的新冠疫苗的紧急使用授权申请。这是第一款获批在美国紧急使用的新冠疫苗,被允许用于16岁及以上人群。
 英国政府14日宣布,鉴于新冠疫情形势变化,决定伦敦以及埃塞克斯郡和赫特福德郡的部分城镇自16日起正式进入最高的三级防控级别。当地将实施更严格的防控措施,包括所有酒吧、咖啡馆和餐厅停止营业,只允许提供外卖送餐等服务;剧院停止营业;民众在公园、海滩等地聚集不得超过6人。
俄罗斯防疫指挥部14日报告新增新冠确诊病例27328例,累计确诊2681256例;新增死亡病例450例,累计死亡47391例。俄罗斯民意调查机构“社会舆论”基金会调查结果显示,俄民众愿意接种新冠疫苗的比例为42%。
  新加坡总理李显龙14日发表全国讲话宣布,新加坡将在12月28日进入放松疫情管控措施第三阶段。新加坡抗疫跨部门工作小组进一步解释说,12月28日起,政府会进一步放宽商场和零售店铺的人流限制,旅游景点也可以申请调高客容量。此外,政府还将室内与户外现场表演活动的出席人数上限提高至250人。(完)