Connect with us

WORLD

နိုင်ငံပေါင်း ၇၀ ကျော်၏ သင်ရိုးညွှန်းတမ်းတွင် တရုတ်ဘာသာစကားထည့်သွင်းသင်ကြားပေးလျက်ရှိ

မော်ရိုကိုနိုင်ငံ မြောက်ပိုင်းရှိ Tangier Confucius Institute တွင် တရုတ်ဘာသာစကား ကျွမ်းကျင်မှုဖြေဆိုနေသည့် ကျောင်းသားများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

နိုင်ငံပေါင်း ၇၀ ကျော်၏ အမျိုးသားပညာရေးစနစ်များတွင် တရုတ်ဘာသာစကားကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Tian Xuejun က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံပြင်ပရှိ နိုင်ငံရပ်ခြားတက္ကသိုလ်ပေါင်း ၄,၀၀၀ ကျော်တွင် တရုတ်ဘာသာစကား သင်ရိုးကို ကမ်းလှမ်းထားသလို တရုတ်နိုင်ငံ ပြင်ပတွင် တရုတ်ဘာသာစကားသင်ကြားနေသည့် ကျောင်းသားပေါင်း ၂၅ သန်းရှိကြောင်း ပေကျင်း၌ ပြုလုပ်သည့် နိုင်ငံတကာ တရုတ်ဘာသာစကားသင်ကြားမှု မြှင့်တင်ရေးပွဲ အခမ်းအနားတွင် Tian က ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်ဘာသာစကား ဖွံဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်ရန် စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအဖွဲ့အစည်းများကို ကြိုဆိုပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ယင်းအခမ်းအနားအတွင်း အွန်လိုင်းမှရော ပြင်ပတွင်ပါ တရုတ်ဘာသာစကားသင်ကြားရေး အရင်းအမြစ်များနှင့် ဆရာများအား အဓိကဦးတည်ထားသည့် အစီအစဉ်များစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)

Over 70 countries have Chinese language in their curriculums: official

BEIJING, Dec. 14 (Xinhua) — The Chinese language has been incorporated into the national education systems of more than 70 countries, Vice Minister of Education Tian Xuejun said on Monday.

More than 4,000 overseas universities now offer Chinese language courses and some 25 million people are learning Chinese outside China, Tian said at the launching ceremony of an event held in Beijing to promote international Chinese language education.

China welcomed enterprises and social organizations to participate in the development of Chinese language education, he said.
Various activities focusing on teachers and resources of Chinese language education will take place both online and offline during the event. Enditem

Moroccan students were taking the HSK (Hanyu Shuiping Kaoshi), or Chinese language proficiency test, in Tangier Confucius Institute in northern Morocco. (Xinhua photo)