မော်စကို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပထမ အကြိမ် ရုရှား-လာအို ပူးတွဲ စစ်ရေး လေ့ကျင့်မှု လာအို ၂၀၁၉ အား လာအိုနိုင်ငံ ဘန်ပင်း လေ့ကျင့်ရေး ကွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၆၆ ရာခိုင်နှုန်း တိုးမြင့်လာကာ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၉ သန်း ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့ဘက်ရှိ တည်ဆောက်ဆဲ အုပ်ချုပ်ရေးမြို့တော်သစ်၌ ဒီဇင်ဘာ ၁၀...
လာဟိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ လာဟိုး မီးရထားလမ်း လိမ္မော်ရောင်လိုင်း စီမံကိန်း (OLMT)တည်ဆောက်ပြီးစီးခြင်းနှင့် စမ်းသပ်အသုံးပြုမောင်းနှင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။၎င်းမှာ ပါကစ္စတန်၏ ပထမဆုံး လူအများအပြား ခရီးသွားနိုင်သော မြို့ပြရထားလမ်း စီမံကိန်း အောင်မြင်စွာတည်ဆောက်ပြီးစီးခြင်း ဖြစ်ကြောင်း သိရသည်။
ဗျူရိုအေးရိစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) Everyone’s Front မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ အယ်လ်ဘတ်တို ဖာနန်ဒီဇ် (Alberto Fernandez) သည် ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသားကွန်ဂရက်၌ အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။