Connect with us

Culture & Entertainment

၄၃ ကြိမ်မြောက် နိုင်ငံတကာ အိမ်ထောင်ရှင်မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ တွင် မြန်မာကိုယ်စားပြုအလှမယ် အေမီဇင်ဝင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ

Mrs. Universe Myanmar 2020 အေမီဇင်ဝင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Ami Zin Win Facebook )

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာလဖြစ်သောကြောင့် Online မှ ကျင်းပပြုလုပ်လျက်ရှိသည့် ၄၃ ကြိမ်မြောက် နိုင်ငံတကာ အိမ်ထောင်ရှင်မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် အေမီဇင်ဝင်း သည် ယခုနှစ် ဒီဇင်ဘာ ပထမပတ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း Mrs. Universe Myanmar 2020 ၏ စီစဉ်သူ မဟန်နီချိုက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

“ဒီနှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြုပြီး ကျွန်မတို့ Organization ကပထဆုံးဝင်ပြိုင်တာပါ။ အရင်ကတော့ တခြား Organization တွေက ဝင်ပြိုင်ခဲ့တာတော့ ရှိပါတယ်။ အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲမှာ ဒီပွဲက အမြင့်ဆုံးပွဲဖြစ်ပါတယ်။ ဒီနှစ်မှာ နိုင်ငံပေါင်း ၁၀၀ ကျော် ယှဉ်ပြိုင်နေတာပါ။” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အိမ်ထောင်ရှင်မယ်စကြဝဠာပြိုင်ပွဲဝင်ရန် အိမ်ထောင်ရှင်ဖြစ်ရမည်ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းဝင်ပြိုင်နိုင်ကြောင်း သိရသည်။ Mrs. Universe Myanmar 2020 အလှမယ်ဖြစ်သူ အေမီဇင်ဝင်းသည် အလှမယ် ၃၀၀ ကျော်ထဲမှ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။ အေမီဇင်ဝင်းသည် အိမ်ထောင်ရှင် စစ်သူနာပြု အရာရှိ ဗိုလ်ကြီး (ငြိမ်း) ဖြစ်ပြီး အသက် (၄၁ နှစ်) ရှိပြီဖြစ်ကာ သားတစ်ယောက်မိခင်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေက နိုင်ငံကိုယ်စားပြုအလှမယ်တွေက အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားကို သွားပြိုင်ရတာပါ။ ဒီနှစ်က မဲပေးတဲ့စနစ်နဲ့ သွားတာ။ မဲပေးတာနိုင်ရင် နိုင်မယ်။ အွန်လိုင်းကြတော့ Vote လုပ်တာကိုပဲ စောင့်ရမှာပါ။ ဒီဇင်ဘာ ၂၄ ရက်မှာ Voting စနစ်က ပြီးဆုံးမှာပါ။ ဒီဇင်ဘာ၂၄ နောက်ပိုင်းမှာ ၂၀၂၀ အလှမယ် ကိုကြေညာမှာပါ။’’ ဟု မဟန်နီချိုက ဆက်ပြောသည်။

အွန်လိုင်းစနစ်ဖြင့် ကျင်းပခြင်းဖြစ်သောကြောင့် လူတစ်ဦးလျှင် မဲတစ်ကြိမ်ပေးခွင့်ရှိကြောင်း၊ မဲထပ်မံပေးလိုပါက မဲ ၁ မဲလျှင် ၅ ဒေါ်လာပေးရကြောင်း သိရသည်။ ယခုနှစ်ပြိုင်ပွဲသည် COVID-19 ကာလဖြစ်သောကြောင့် Voting စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲအများဆုံးရရှိသည့် အလှမယ်မှာ ပြိုင်ပွဲတွင် သရဖူရရှိမည်ဖြစ်ကြောင်း မဟန်နီချိုက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.