Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ သန်းပေါင်း ၇၀ ကျော် အထိ ရောက်ရှိလာ

အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

နယူးယောက် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်အရ ဒီဇင်ဘာ ၁၁ ရက် အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၆ နာရီ ၂၈ မိနစ် အချိန်ထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူ သန်း ၇၀ ကျော်အထိ ရောက်ရှိလာခဲ့ကာ အတိအကျအားဖြင့် ၇၀,၀၂၅,၅၃၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၁,၅၉၀,၃၂၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်းသိရှိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ် ထုတ်ပြန်ခဲ့သည့်စာရင်းများအရ ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူအများဆုံး နှင့် COVID-19 ရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၅,၇၅၈,၆၆၁ ဦးရှိကာ ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၂၉၄,၀၅၆ ဦးရှိကြောင်း ၊ ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်မှု များပြားစွာဖြစ်ပွားခဲ့သည့် အခြားနိုင်ငံများမှာ အိန္ဒိယ ၊ ဘရာဇီး ၊ ရုရှား နှင့် ပြင်သစ် စသည့် နိုင်ငံများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် COVID-19 ရောဂါကြောင့် သေဆုံးမှုများပြားခဲ့သည့် နိုင်ငံများမှာ ဘရာဇီး ၊ အိန္ဒိယ ၊ မက္ကဆီကို နှင့် ဗြိတိန် နိုင်ငံတို့ဖြစ်ကြကြောင်းသိရှိရသည်။

နိုဝင်ဘာလမှစတင်၍ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှုက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက်အရ အောက်တိုဘာ ၁၉ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်ခံရသူ သန်း ၄၀ ကျော်ရှိခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် COVID-19 ကူးစက်ခံရသူ သန်း ၅၀ ကျော် အထိရောက်ရှိလာခဲ့ကြောင်း ၊ နိုဝင်ဘာ ၂၅ ရက်တွင် COVID-19 ကူးစက်ခံရသူ သန်း ၆၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး ကူးစက်ခံရသူ သန်း ၄၀ မှ သန်း ၅၀ အထိ ရောက်ရှိရန် ရက်ပေါင်း ၂၀ သာ ကြာမြင့်ခဲ့ကြောင်း ၊ ကူးစက်ခံရသူ သန်း ၅၀ မှ သန်း ၆၀ အထိ တိုးမြင့်လာသည့် ကြာချိန်မှာ အချိန် ၁၇ ရက်သာကြာမြင့်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း ကူးစက်ခံရသူ သန်း ၆၀ မှ သန်း ၇၀ ကျော် အထိ ရောက်ရှိလာသည့်ကြာချိန်မှာ အချိန် ၁၆ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)
(国际疫情)约翰斯•霍普金斯大学:全球累计新冠确诊病例超7000万例

  新华社纽约12月11日电美国约翰斯•霍普金斯大学11日发布的新冠疫情最新统计数据显示,截至美国东部时间11日16时28分(北京时间12日5时28分),全球累计新冠确诊病例超过7000万例,达70025535例,累计死亡病例1590323例。

  数据显示,美国是累计确诊病例和死亡病例最多的国家,累计确诊病例15758661例,累计死亡病例294056例。累计确诊病例较多的国家还有印度、巴西、俄罗斯和法国等,累计死亡病例较多的国家还有巴西、印度、墨西哥和英国等。

  这些数据来自约翰斯•霍普金斯大学新冠病毒研究项目实时汇总的各个国家和地区的数据。
11月以来,全球累计新冠确诊病例数加速攀升。约翰斯•霍普金斯大学统计数据显示,全球累计确诊病例10月19日超过4000万例,11月8日超过5000万例,11月25日超过6000万例,从4000万例升至5000万例用时20天,从5000万例升至6000万例用时17天,从6000万例升至7000万例用时16天。(完)

Photo
新华社照片,阿加尔塔拉(印度),2020年7月27日
(国际疫情•XHDW)(3)印度单日新增新冠确诊病例近5万例
7月27日,警察在印度阿加尔塔拉检查通勤者的证件。
印度卫生部27日公布的新冠疫情最新数据显示,过去24小时新增确诊病例49931例,累计确诊1435453例;新增死亡病例708例,累计死亡32771例。
新华社发