Connect with us

Europe

အီတလီနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါမတွေ့ရှိမီ လများစွာအကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ကလေးတစ်ဦး၌ COVID-19 ကူးစက်ခံနေရကြောင်း လေ့လာမှုကတွေ့ရှိ

အီတလီနိုင်ငံ ဘိုလိုညာမြို့၊ Sant'Orsola-Malpighi ဆေးရုံရှိ COVID-19 ကုသဆောင်၌ ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီတလီနိုင်ငံနှင့် ကနေဒါနိုင်ငံမှ သုတေသီများက အီတလီနိုင်ငံတွင် ရောဂါကူးစက်မှုတွေ့ရှိကြောင်း သတင်းမဖော်ပြမီ သုံးလခန့်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကတည်းက COVID-19 စတင်ပျံ့နှံ့နေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ရောဂါ ထိန်းချုပ်ကာကွယ်ရေးစင်တာ၏ လေ့လာမှု ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက မီလန်မြို့ အနီးဝန်းကျင်တွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးထံမှ ရယူခဲ့သော အာခေါင်တို့ဖတ်နမူနာ၌ COVID-19 ရောဂါတွေ့ရှိခဲ့ကြောင်း သိရသည်။

ခရီးသွားရာဇဝင်မရှိသော အဆိုပါ ကလေးငယ်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းခံစားခဲ့ရပြီး အသက်ရှူလမ်းကြောင်း လက္ခဏာနှင့် အော့အန်ခြင်းများကြောင့် အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင်မူ ဝက်သက်ကဲ့သို့ အဖုအပိမ့်အနီကွက်များဖြစ်ပေါ်ခဲ့သော်လည်း နောက်ဆုံး၌ အာခေါင်တို့ဖတ်နမူနာတွင်လည်း ဝက်သက်ရောဂါ မတွေ့ရှိခဲ့ကြောင်း သိရသည်။

“အဖုအပိမ့်ဒဏ်ရာတွေက COVID-19 ကပ်ရောဂါကာလအတွင်း မြင်တွေ့ရအများဆုံး အရေပြားလက္ခဏာများမှာ ပါဝင်နေတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်” ဟု လေ့လာမှုက ဖော်ပြထားသည်။

အဆိုပါ တွေ့ရှိမှုများသည် ဥရောပတွင် COVID-19 အစောပိုင်းပျံ့နှံ့မှု၏ အခြားအထောက်အထားနှင့် ကိုက်ညီနေသလို ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီနှောင်းပိုင်းက ရောဂါစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လေ့လာမှုက ဆိုသည်။

အီတလီနိုင်ငံသည် ကပ်ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံလည်း ဖြစ်ပြီး နိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပထမဆုံးတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။ (Xinhua)
————————————
(English Version)

Italian kid infected with COVID-19 in November 2019, months before Italy’s first case reported: study

ROME, Dec. 12 (Xinhua) — Researchers from Italy and Canada recently have found that COVID-19 started circulating in Italy as early as November 2019, about three months before the country’s first case was reported.
According to the study published by the U.S. Centers for Disease Control and Prevention, an oropharyngeal swab specimen collected in early December 2019 from a four-year-old boy who lived in the surrounding area of Milan tested positive for COVID-19.
The boy, who had no reported travel history, had cough and rhinitis on Nov. 21, 2019, and was taken to the emergency department with respiratory symptoms and vomiting. On Dec. 1, he had onset a measles-like rash, but the oropharyngeal swab specimen eventually tested negative for measles.
“Maculopapular lesions have been among the most prevalent cutaneous manifestations observed during the COVID-19 pandemic,” noted the study.
These findings, in agreement with other evidence of early COVID-19 spread in Europe, advance the beginning of the outbreak to late autumn 2019, the study said.
Italy is among the countries hard hit by the pandemic. The country reported its first known COVID-19 case in late February 2020. Editem

Medical staff work at a COVID-19 unit of the Sant’Orsola-Malpighi Hospital in Bologna, Italy, on Nov. 12, 2020.Italy on Thursday reported a total of 37,978 new coronavirus cases and 636 deaths, while its national coronavirus commissioner said he is confident a public vaccination campaign will likely begin in January next year. (Photo by Gianni Schicchi/Xinhua)