Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၁၈၀,၀၀၀ ကျော်အထိ ရောက်ရှိလာ

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဘရာဇီးနိုင်ငံဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး က ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ဆောပိုလို ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၅၄,၄၂၈ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၆,၈၃၆,၂၂၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၇၂ ဦး ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၈၀,၄၃၇ ဦးအထိရှိလာခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၅,၉၅၄,၇၄၅ ဦးရှိကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၁၁ ရက် ၁၈ နာရီ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်အရ လက်ရှိအချိန်တွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ တတိယ အများဆုံးတည်ရှိနေသော နိုင်ငံဖြစ်ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ဦးရေမှာ ကမ္ဘာပေါ်တွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံရှိ အဓိက သတင်းမီဒီယာများနှင့် ပြည်နယ်အသီးသီးမှ အစိုးရဌာနရုံးများ၏ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းပြုစုချက်အရ ဒီဇင်ဘာ ၁၁ ရက် အထိ တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံတွင် နေ့စဉ် ပျမ်းမျှလူပေါင်း ၆၃၉ ဦး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရပြီး လွန်ခဲ့သည့် နှစ်ပတ်ကထက်၂၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဘရာဇီးနိုင်ငံ၌ နေ့စဉ် ပျမ်းမျှ လူပေါင်း ၄၃,၀၅၂ ဦး COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှုဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် နှစ်ပတ်ကထက် ၂၇ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်းသိရှိရသည်။

ဘရာဇီးနိုင်ငံတွင် COVID-19 ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသည့် ပြည်နယ် မှာ ဆောပိုလိုပြည်နယ် ဖြစ်ပြီး ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၁၁ ရက် ထုတ်ပြန်ကြေညာချက်အရ ဆောပိုလိုပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း မှာ ၁,၃၂၅,၁၆၂ ဦးအထိ ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၃,၈၀၂ ဦးအထိ ရှိခဲ့ကြောင်း ၊ ဆောပိုလိုပြည်နယ်အစိုးရ က ဒီဇင်ဘာ ၁၁ ရက်၌ ကပ်ရောဂါ ပြန့်ပွားမှု ကို တားဆီးနိုင်ရန်အတွက် ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ပြည်နယ်အတွင်းအရက်ဆိုင်များ ဆိုင်ပိတ်ချိန်ကို ည ၁၀ နာရီ မှ ည ၈ နာရီ သို့ ပြောင်းလဲသတ်မှတ်ကြောင်း ၊ နှစ်ကုန်ချိန်ကုန်ပစ္စည်းဝယ်ယူမှုကြောင့် လူစုလူဝေး မဖြစ်ပွားစေရန် ဈေးဝယ်စင်တာများအနေဖြင့် နေ့စဉ် လုပ်ငန်းလည်ပတ်ချိန်အား ၁၀ နာရီ မှ ၁၂ နာရီ အထိ တိုးမြှင့်ခဲ့ပြီး သတ်မှတ်ချက်အသစ်မှာ အချိန်ကာလအားဖြင့် တစ်လ ဖြစ်ကြောင်း သိရှိရသည်။

ဆောပိုလိုပြည်နယ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် စာရင်းအရ ဒီဇင်ဘာ ၁၁ ရက် အထိ ပြည်နယ်အတွင်းရှိ အထူးကြပ်မတ်ကုသဆောင် အသုံးပြုမှုရာခိုင်နှုန်းမှာ ၅၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပြည်နယ်အတွင်းရှိ အချို့မြို့များ၏ ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင် အသုံးပြုမှုမှာ ၈၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)
(国际疫情)巴西累计新冠死亡病例超18万例

  新华社圣保罗12月11日电(记者宫若涵)巴西卫生部当地时间11日18时公布的最新数据显示,过去24小时巴西新增新冠确诊病例54428例,累计确诊6836227例;新增死亡病例672例,累计死亡180437例;累计治愈5954745例。
  根据世界卫生组织公布的最新数据,目前巴西累计新冠确诊病例数排在全球第三,累计死亡病例数排在全球第二。
  巴西主流媒体根据各州卫生厅公布的数据联合统计得出,在截至本月11日的一周里,巴西平均每日新增死亡病例639例,比两周前的数据上涨了25%;平均每日新增确诊病例43052例,比两周前的数据上涨了27%。
  圣保罗州是巴西疫情最严重的州。巴西卫生部11日公布的数据显示,该州累计新冠确诊病例1325162例,累计死亡病例43802例。州政府11日宣布,为遏制疫情蔓延势头,从12日开始,全州酒吧关门的时间从晚10时提前至晚8时;为避免年终购物季人员过于聚集,购物中心的营业时间将从每天10小时延长至12小时。新规定有效期为30天。
圣保罗州政府公布的数据显示,11日,全州重症监护病床使用率升至58.4%,州内部分城市的重症监护病床使用率已经超过80%。(完)

Photo
新华社照片,亚马孙州(巴西),2020年12月11日
(新华视界)(3)巴西为亚马孙雨林原住民提供医疗支持服务
12月10日,医护人员在巴西亚马孙州为一名原住民提供医疗服务。
12月7日,巴西空军派专机运载医疗物资前往亚马孙州塔巴廷加,随行医护人员为当地原住民提供新冠病毒检测等各类医疗服务。本次医疗支持服务将持续至12月14日。
新华社发(卢西奥•塔沃拉摄)