ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိုးစုများ၏ လူနေမှုဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ရိုးရာနေအိမ် ပြပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုတွင် ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ နယ်စပ်ကုန်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် မှာကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ရိုးရာစားသောက်ဖွယ်ရာများစွာရှိသည့်အထဲတွင် အစားအသောက် ခုံမင်နှစ်သက်ကြသူများအတွက် ငါးအသားလုံးအသီးအရွက်ကြော် ပြုလုပ်နည်းအဆင့်ဆင့်ကို ရိုက်ကူးပြသထားသည့် ရုပ်သံ video ဖြစ်ပါသည်။(Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် နိုင်ငံ တိုးတက်မှုကို ထောက်ပံ့ရန်နှင့် စီးပွားရေး မြှင့်တင်ရန် အားထုတ်မှုအဖြစ် အနိမ့်ဆုံး နေ့စားလုပ်ခကို ဘတ် ၃၀၈-၃၃၀ မှ ဘတ် ၃၁၃-၃၃၆ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်က ကြေညာခဲ့သည်။