Connect with us

International Organizations

ကုလသမဂ္ဂဆိုင်ရာ တရုတ်ဒုတိယအမြဲတမ်းကိုယ်စားလှယ်က အာဖရိကအလယ်ပိုင်းဒေသရှိ နိုင်ငံများအတွက် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီကြရန် တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အွန်လိုင်းကွန်ဖရန့်စနစ်ဖြင့် ကျင်းပပြုလုပ်သော အစည်းအဝေး တစ်ခုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အာဖရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံများ၏ ပြဿနာများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော အွန်လိုင်းကွန်ဖရန့် အစည်းအဝေး၌ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဖရိကတိုက်အလယ်ပိုင်းဒေသ နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားပြီး ၎င်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ကောင်းမွန်လာအောင်ကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

တိုက်ပင်း က လက်ရှိတွင် ကပ်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ပျံနှံ့နေပြီး ဒေသတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်မှုက လက်လျှော့၍ မရကြောင်း ၊ အာဖရိကတိုက် အလယ်ပိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းရုံး အား ထောက်ခံအားပေးရမည်ဖြစ်ပြီး ဒေသတွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုများကို တိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ သတင်းအချက်အလက်များ မျှဝေခြင်း ၊ စစ်ဆေးမှုနည်းလမ်းများ ၊ ဆေးဝါးကုသမှုနည်းလမ်းစသည်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရမည်ဖြစ်ကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်နိုင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများသို့ ကူညီထောက်ပံ့မှုများကို ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်၊၊

ထို့ပြင် တိုက်ပင်း က အာဖရိကတိုက်အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ထောက်ခံအားပေးသွားကြရန် တိုက်တွန်းလိုပြီး အာဖရိကတိုက် အလယ်ပိုင်းဒေသ ဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းရုံး က ဒေသတွင်းနိုင်ငံများ ချစ်ခင်ရင်းနှီးမှုကို ဆက်လက်ထောက်ခံအားပေးသွားရမည်ဖြစ်ကြောင်း ၊ စီးပွားရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း ၊ ၂၀၃၀ ရည်မှန်းချက်ကို ဒေသတွင်း နိုင်ငံအသီးသီး ၏ မဟာဗျူဟာအဖြစ် ထည့်သွင်းသွားပြီး ကုလသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် အားအင်ကိုစုစည်းကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် စည်ပင်ဝပြောရေးအတွက် တွန်းအားပေးဆောင်ရွက်သွားရည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)  
(国际)中国常驻联合国副代表呼吁帮助中部非洲国家抗击疫情

分类: 政治法律

  新华社联合国12月9日电中国常驻联合国副代表戴兵9日在安理会审议中部非洲问题视频会议上发言,呼吁国际社会帮助该地区国家抗击疫情,恢复经济和发展。
  戴兵表示,当前疫情还在全球蔓延,地区合作抗疫不能松劲。联合国驻中部非洲地区办公室(联合国中非办)要支持地区国家加强联防联控,开展信息分享、检测方法、临床救治等方面的合作。中方已向地区国家提供多批抗疫物资,愿继续帮助地区国家抗击疫情。

  他说,疫情对中部非洲地区各国发展造成不小冲击,经济下行风险加大。国际社会有责任帮助地区国家维护宏观经济稳定,扩大就业,保持产业链、供应链安全畅通。中方积极落实二十国集团缓债倡议,是二十国集团成员中落实缓债金额最多的国家。希望联合国中非办动员发达国家和多边金融机构加紧行动,尽早兑现承诺,切实减轻地区国家债务负担。
  他还呼吁继续支持地区国家自主维护和平的努力。他说,得益于地区国家的协同努力,中部非洲形势总体稳定。同时,“博科圣地”“圣灵抵抗军”等武装团伙和恐怖组织仍在地区活动,几内亚湾海盗依然活跃。国际社会要采取行动支持地区国家打击恐怖主义和有组织犯罪,同时应始终尊重地区国家主权和主导权。今明两年该地区多个国家将举行选举,联合国中非办可应当事国请求为其选举提供技术和物资援助。

  他呼吁继续支持中部非洲地区一体化进程。联合国中非办要支持地区国家促进睦邻友好,深化经济融合,把落实联合国2030年可持续发展议程纳入地区战略和各国发展战略,同联合国其他相关机构、次区域组织、非盟等加强沟通协调,形成合力,促进地区稳定和繁荣。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.