Connect with us

North America

တရုတ်နိုင်ငံက COVID-19 ဖြစ်ပွားနေသည့်ကြားမှ ကမ္ဘာ့ကုန်သွယ်ရေးတွင် နေရာအခိုင်အမာ ရရှိလျက်ကြောင်း Fortune မဂ္ဂဇင်းဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ လျန်းယန်ကန်းမြို့ရှိ ကုမ္ပဏီတစ်ခု၏ ဆိပ်ကမ်းတွင် မြေတူးစက်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် – ခေါန်ရိန်

COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၇.၈ ရာခိုင်နှုန်း တိုးချဲ့လာနိုင်ခဲ့ကြောင်း တရုတ် အထွေထွေအကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၇ ရက်၌ ပြောခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းမှ “တရုတ်နိုင်ငံရဲ့ စီးပွားရေးက အထင်ကြီးလောက်ဖွယ် ပြန်လည်နာလန်ထူလာခဲ့ကြောင်း” နှင့် တတိယမြောက် သုံးလပတ် ဂျီဒီပီ တိုးတက်မှုမှာလည်း ၅ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း Fortune ဆောင်းပါးက ဆိုသည်။

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုလိုငွေများမှာမူ ဆက်လက်မြင့်တက်လျက်ရှိပြီး တရုတ်နိုင်ငံက အမေရိကန် ကုန်စည်များကို ယခင်ကထက် ပိုမိုတင်သွင်းလျက်ရှိကြောင်း Fortune က ဖော်ပြထားသည်။ (Xinhua)

——————————–
(English Version)

China holds stronger position in global trade despite COVID-19: Fortune magazine

WASHINGTON, Dec. 9 (Xinhua) — China has pulled ahead in global trade despite disruption caused by the COVID-19 pandemic, as trade data indicated the country’s recovery from the pandemic, Fortune magazine said Wednesday.

China’s foreign trade expanded 7.8 percent year on year last month, with exports jumping 14.9 percent year on year in yuan terms, the Chinese General Administration of Customs said Monday.

“China’s economy is in the midst of an impressive recovery” from the global health crisis, with third-quarter GDP growth coming in at nearly 5 percent, the Fortune article said.

The U.S. trade deficits with China continue to rise, while China is importing more American goods than before, Fortune said. Enditem

1-Excavators are seen at a port of a company in Lianyungang, east China’s Jiangsu Province, Nov. 16, 2020. (Photo by Wang Chun/Xinhua)