Connect with us

Social, Education & Health

ပထမအကြိမ် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပ

ပထမအကြိမ် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲတွင် ကြွေပြားကပ်နေသည့် ပြိုင်ပွဲဝင်တစ်ဦးအား ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ၏ ပထမအကြိမ် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်) တွင် ကွမ်ကျိုးမြို့၌ စတင်ဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရသည်။

“ခေတ်သစ်၊ စွမ်းရည်သစ်၊ အိမ်မက်သစ်”ဟူသော ခေါင်းစဉ်ဖြင့် ပြိုင်ပွဲအစီအစဉ် ၈၆ ခု ထားရှိကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ၂,၅၀၀ ကျော် နှင့် ဒိုင်လူကြီး ၂,၃၀၀ ကျော်ဖြင့် ပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ် ထူထောင်ပြီးနောက်ပိုင်း ပမာဏအကြီးဆုံး၊ ပါဝင်မှုအစီအစဉ်အများဆုံး၊ အရည်အသွေးအမြင့်ဆုံး ဘက်စုံ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)  
(社会)第一届全国职业技能大赛在广州开幕

新华社照片,广州,2020年12月10日
当日,中华人民共和国第一届职业技能大赛在广州开幕。首届大赛以“新时代 新技能 新梦想”为主题,设86个比赛项目,共有2500多名选手、2300多名裁判人员参赛,是新中国成立以来规格最高、项目最多、规模最大、水平最高的综合性国家职业技能赛事。
新华社记者 卢汉欣 摄