ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၃၀၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၉ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ရောမ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Luciana Lamorgese သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်အရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့သည် ဒီဇင်ဘာ ၈ ရက် က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပြီးနောက် ဧဝရတ်တောင်ထိပ်(ချိုမိုလန်းမားတောင်ထိပ်)၏ အမြင့်ကို အတူတကွ ပူးတွဲ ထုတ်ဖော် ကြေညာခဲ့ကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါ ဖြေလျှော့မှုများဖြင့် ပြည်တွင်းခရီးစဉ်များပြန်လည်စတင်ချိန်တွင် ခရီးသွားများအတွက် ယာဉ်၊ရထား၊လေယာဉ်များ အပါအဝင် စားသောက်ဆိုင်များ၊ ဟိုတယ်များ တွင် ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုရှိပါက ခရီးစဉ်များအားဆောင်ရွက်ရန် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၈ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ နောင်ချိုမြို့နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။