Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံသမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီ တို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာအပြန်အလှန်ပေးပို့ပြီး ဧဝရတ်တောင်ထိပ်အမြင့်ကို အတူတကွ ထုတ်ဖော် ကြေညာ

ဧဝရတ်တောင်ထိပ်၏အမြင့်အား တိုင်းတာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နီပေါနိုင်ငံ သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့သည် ဒီဇင်ဘာ ၈ ရက် က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပြီးနောက် ဧဝရတ်တောင်ထိပ်(ချိုမိုလန်းမားတောင်ထိပ်)၏ အမြင့်ကို အတူတကွ ပူးတွဲ ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။

သမ္မတရှီက ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ တို့သည် ဧဝရတ်တောင်ထိပ်၏ နောက်ဆုံးအမြင့် တိုင်းတာချက်ကို အတူတကွကြေညာကြရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၊ ၁ နှစ်ကျော် ကြာကာလတွင် နှစ်နိုင်ငံ အဖွဲ့က အခက်အခဲအမျိုးမျိုးကို ကျော်လွှားကာ အပတ်တကုတ်ကြိုးပမ်းအားထုတ်များမှုကြောင့်‌ နောက်ဆုံးတွင် တစ်ကမ္ဘာလုံးအမြင့်၏ အခြေခံစံနှုန်းဖြစ်သည့် ဧဝရတ်တောင်ထိပ်၏အမြင့်ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ရာ ယနေ့တွင်   တရုတ်-နီပေါ နှစ်နိုင်ငံ ကိုယ်စား မစ္စစ် ဘန်ဒါရီနှင့်အတူ ဧဝရတ်တောင်ထိပ်၏ နောက်ဆုံး အမြင့်မှာ ၈၈၄၈.၈၆ မီတာ ဖြစ်သည်ကို တစ်ကမ္ဘာလုံးသို့ တရားဝင်ကြေညာအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဧဝရတ်တောင်ထိပ်သည် နှစ်နိုင်ငံ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှု၏ အရေးကြီးသည့် အမှတ်လက္ခဏာဖြစ်ကြောင်း ၊ ဤကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို တရုတ်-နီပေါ နှစ်နိုင်ငံကြားက တောင်ထိပ်နှင့် တရုတ်-နီပေါ ချစ်ကြည်ရေး အထွတ်အထိပ်အဖြစ် နှစ်နိုင်ငံအနေဖြင့် ထားရှိသွားမည်ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။

သမ္မတရှီက ယနေ့ အဆွေတော်နှင့်အတူ ဧဝရတ်တောင်ထိပ်၏ နောက်ဆုံးအမြင့်ကို အတူတကွကြေညာခြင်းတွင် ရှေးအစဉ်အလာ ဆက်ခံ၍အနာဂတ်လမ်း သစ်ဖွင့်လှစ်ကြမည့် ခေတ်ကာလ၏အနက်အဓိပ္ပါယ်များ တည်ရှိရာ တရုတ်-နီပေါ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေသည်ကို အပြည့်အဝ ထင်ရှားပေါ်လွင် စေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့်အတူ ဧဝရတ်တောင်၏ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်မှု၊ သိပ္ပံသုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားကာ နှစ်နိုင်ငံပြည်သူများအတူရှိနေသည့် အဖိုးတန်မိသားစုဥယျာဉ်ကြီးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။
နှစ်ဖက်အတူ ကြိုးပမ်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုများ တိုးပွားခိုင်မာလာသလို ရပ်ဝန်းနှင့်ပိုးလမ်းမ အတူလက်တွဲတည်ဆောက်ရေးသည်လည်း တည်ငြိမ်စွာ ရှေ့တိုးဆောင်ရွက်လျက်ရှိရာ ဟိမဝန္တာဖြတ်ကျော် အပြန်အလှန်ဆက်သွယ်မှုကွန်ရက်သည် မျှော်မှန်းရာမှ လက်တွေ့သို့ ပြောင်းလဲလာနေပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာဝပျောရေးကို မျက်နှာမူသည့် ခေတ်အဆက်ဆက်ချစ်ကြည်ရင်းနှီးမှု မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ်ရှေ့တိုးဖွံ့ဖြိုးအောင် တွန်းအားပေးဆောင်ရွက်သွားကာ ပို၍ နီးကပ်သော အေးအတူ၊ပူအမျှအသိုက်အဝန်းကို တည်ဆောက်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို သယ်ပိုးကြရမည်ဖြစ်ကြောင်း သမ္မတရှီ၏ ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

နီပေါနိုင်ငံ သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံသည် အစဉ် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန်ဆက်သွယ်ရေး၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ၎င်း၏ ဂုဏ်ပြုသဝဏ်လွှာထဲတွင် ထည့်သွင်း ဖော်ပြထားသည်။
ဧဝရတ်တောင်သည် နီပေါ-တရုတ် အစဉ်အလာချစ်ကြည်ရေး အစဉ်အမြဲကာလရှည်ကြာတည်ရှိမှု၏ အမှတ်သင်္ကေတ ဖြစ်ပြီး အဆွေတော်နှင့်အတူ ဧဝရတ်တောင်ထိပ်၏ နောက်ဆုံးအမြင့် ၈၈၄၈.၈၆ မီတာ ဖြစ်ကြောင်းကို ကြေညာနိုင်သည့်အတွက် အထူးဝမ်းမြောက်ကြောင်း သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီက ဆိုသည်။

ယနေ့ နှစ်ဖက်အတူ ဧဝရတ်တောင်ထိပ်၏ နောက်ဆုံးအမြင့်ကို အတူတကွကြေညာခြင်းသည် သမိုင်း၏အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း၊ သမ္မတရှီကျင့်ဖိန် ပြီးခဲ့သည့်နှစ်က နီပေါနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ခေတ်ကာလသစ်ကို လျှောက်လှမ်းရန် တွန်းအားဖြစ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံအစိုးရများအနေဖြင့် အလည်အပတ်ခရီးစဉ်အတွင်း ရရှိခဲ့ပြီးဖြစ်သော သဘောတူညီချက်များကို အာရုံစိုက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုစီးပွားဖွံဖြိုးစည်ပင်ရန် အတူ အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတ ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ သဝဏ်လွှာတွင် ဖြည့်စွက် ဖော်ပြထားသည်။(Xinhua)

#Chomolungma, #Everest, #China, #Nepal, #Xi, #Bhandari, #Xinhua, #ချိုမိုလန်းမားတောင်, #ဧဝရတ်, #တရုတ်, #နီပေါ, #ရှီကျင့်ဖိန်, #ဘန်ဒါရီ, #ဆင်ဟွာ

…………………………………………

(Chinese Version)  

习近平同尼泊尔总统班达里互致信函  共同宣布珠穆朗玛峰高程

  新华社北京12月8日电12月8日,国家主席习近平同尼泊尔总统班达里互致信函,共同宣布珠穆朗玛峰高程。

  习近平指出,去年,我们就中国和尼泊尔共同宣布珠穆朗玛峰最新高程达成共识。一年多来,两国团队克服种种困难,扎实开展工作,最终确定了基于全球高程基准的珠穆朗玛峰雪面高程。今天,我愿同班达里总统一道,代表中尼两国向全世界正式宣布,珠穆朗玛峰的最新高程为8848.86米。

  习近平指出,珠穆朗玛峰是两国世代友好的重要象征。两国将这一世界最高峰确立为中尼之间的界峰和“中尼友谊峰”。今天我和你共同宣布珠峰最新高程具有承前启后的时代意义,也充分体现了中尼关系持续发展的高水平。中方也愿同尼方一道,积极推进珠穆朗玛峰生态环境保护和科学研究合作,守护好两国人民共同的宝贵财富和家园。

  习近平强调,今年是中尼建交65周年。在双方共同努力下,两国政治互信日益增强,共建“一带一路”稳步推进,跨喜马拉雅立体互联互通网络正从愿景变为现实。中国和尼泊尔要推动两国面向发展与繁荣的世代友好的战略合作伙伴关系不断向前发展,共同打造中尼更加紧密的命运共同体,造福两国和两国人民。

  班达里在信函中表示,尼泊尔和中国一直是好邻居、好朋友、好伙伴,两国在经济发展、互联互通、人文等领域合作符合两国利益。珠穆朗玛峰是尼中传统友谊的长久象征,我很高兴同阁下一道,共同宣布珠穆朗玛峰最新雪面高程为8848.86米。今天双方共同宣布珠穆朗玛峰最新高程,具有历史意义。习近平主席去年对尼进行国事访问,推动中尼关系及双边合作进入新时期。两国政府将致力于落实访问共识,共同实现经济社会发展与繁荣。(完)
  
  图说- 2019年4月29日,国家主席习近平在北京人民大会堂同尼泊尔总统班达里举行会谈。这是会谈前,习近平在人民大会堂东门外广场为班达里举行欢迎仪式。 新华社记者 黄敬文 摄