Connect with us

Europe

အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

မော်လ်တာနိုင်ငံ Birgu မြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ပြောကြားနေသော အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Luciana Lamorgese ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Luciana Lamorgese သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်အရ သိရသည်။

“COVID-19 ကူးစက်ခံရတဲ့ ဝန်ကြီး Lamorgese အတွက် ဆန္ဒမွန်တောင်းလိုက်ပါတယ်” ဟု အီတလီ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio က ၎င်း၏ Facebook လူမှုစာမျက်နှာတွင် ရေးသားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်က အီတလီနိုင်ငံ မြို့တော် ရောမ၌ အစိုးရအဖွဲ့အစည်းအဝေး တက်ရောက်နေသော Lamorgese သည် ၁၀ ရက်ပြည့်တိုင်း ပုံမှန်ဆေးစစ်မှုခံယူလျက်ရှိသူဖြစ်ပြီး နောက်ဆုံး တို့ဖတ် နမူနာ စစ်ဆေးရာတွင် ရောဂါတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Lamorgese သည် ဆေးစစ်ချက်အဖြေသိရပြီးနောက် အစည်းအဝေးမှ ထွက်ခွာခဲ့ပြီး နေအိမ်၌ သီးသန့်ခွဲခြားနေထိုင်ခဲ့သည်။ ၎င်းသည် ရောဂါလက္ခဏာမပြ ကူးစက်နေသူဖြစ်သည်။

လူစုဝေးပြီးပြုလုပ်ခဲ့သည့် အစည်းအဝေးဖြစ်သောကြောင့် ၎င်း၏ နံဘေးတွင်ထိုင်ခဲ့သူ အစိုးရအဖွဲ့ဝင်နှစ်ဦးဖြစ်သော တရားရေးဝန်ကြီး Alfonso Bonafede နှင့် ဝန်ကြီး Di Maio တို့သည်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် ၎င်းတို့ကိုယ်တိုင် သီးသန့်ခွဲခြားနေထိုင်လျက်ရှိပြီး ရောဂါစစ်ဆေးမှုအဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

“အစိုးရအဖွဲ့အစည်းအဝေးပြီးတဲ့နောက် ကျွန်တော်လည်း တစ်ကိုယ်ရေသီးခြားခွဲပြီးနေထိုင်ခဲ့တယ်။ နေ့တိုင်း အလုပ်တွေကို ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့်ပဲ လုပ်နေပါတယ်။ ကျန်းမာရေး ညွှန်ကြားချက်တွေအားလုံးအတိုင်း လိုက်နာပါတယ်” ဟု Di Maio က ပြောခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် Giuseppe Conte အပါအဝင် အစိုးရအဖွဲ့ဝင်များအားလုံးလည်း ပြည်ထဲရေးဝန်ကြီးနဲ့ အနီးကပ်ထိတွေ့မှုမရှိခဲ့သော်လည်း တို့ဖတ်နမူနာ စစ်ဆေးမှုခံယူသွားမည်ဖြစ်ကြောင်း Ansa သတင်းအေဂျင်စီအရ သိရသည်။

“အစည်းအဝေးအတွင်း ဝန်ကြီးတွေ တစ်ဦးနဲ့တစ်ဦး စိတ်ချရတဲ့အကွာအဝေးမှာ ထိုင်ပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေကို ပြုလုပ်ထားပါတယ်” ဟု အစိုးရ သတင်းရင်းမြစ်များအား ကိုးကား၍ Ansa က သတင်းဖော်ပြခဲ့သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော Lamorgese သည် Conte ဦးဆောင်သည့် ဒုတိယမြောက် အစိုးရနှင့်အတူ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ၎င်းသည် အောက်တိုဘာလက ဒေသတွင်းရေးရာဝန်ကြီး Francesco Boccia (ရောဂါလက္ခဏာမပြသူ) ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် နောက်ထပ် အီတလီအစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။ (Xinhua)

#Italy, #InteriorMinister, #Coronavirus, #Xinhua, #အီတလီ, #ပြည်ထဲရေးဝန်ကြီး, #ကိုရိုနာဗိုင်းရပ်စ်, #ဆင်ဟွာ

…………………………………………

(English Version)

Italy’s interior minister tests positive for coronavirus

Because of the gathering, two other cabinet members who were sitting next to her — Justice Minister Alfonso Bonafede and Foreign Minister Luigi Di Maio — also isolated themselves as a precautionary measure, and would wait to be tested as well.

ROME, Dec. 7 (Xinhua) — Italian Interior Minister Luciana Lamorgese tested positive for the coronavirus on Monday, according to an official source.

“My best wishes to minister Lamorgese, who tested positive for the COVID-19,” Minister of Foreign Affairs Luigi Di Maio wrote on his official Facebook page.

Lamorgese knew about the result of her latest swab test — which she has been regularly carried out every 10 days — while attending a cabinet meeting in the Italian capital on Monday.

She swiftly left the meeting and put herself in isolation at home. She was reportedly asymptomatic.

Yet, because of the gathering, two other cabinet members who were sitting next to her — Justice Minister Alfonso Bonafede and minister Di Maio — also isolated themselves as a precautionary measure, and would wait to be tested as well.

“After the cabinet meeting I will also be in self-isolation, and keep working every day via video conference, abiding by all health protocols,” Di Maio explained.

All cabinet members including Prime Minister Giuseppe Conte would undergo a swab test, although they did not come into close contact with the Interior Minister, according to Ansa news agency.

“The measure is precautionary, since each minister was sitting at a safety distance from their colleagues at the meeting,” Ansa reported, citing government sources.

Lamorgese, 67, was appointed interior minister in September 2019 with the second government led by Conte. She became another member of the Italian cabinet to test positive for the coronavirus, after Regional Affairs Minister Francesco Boccia (who was asymptomatic) in October.

Italian interior minister Luciana Lamorgese speaks at a joint press conference in Birgu, Malta, on Sept. 23, 2019. Germany, France, Italy and Malta have agreed on how to jointly handle migrants who arrive in the Mediterranean.(Photo by Jonathan Borg/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.