ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ဧရာဝတီလင်းပိုင် သေဆုံးမှု ၈ ကောင်ခန့်ရှိပြီး ဧရာဝတီလင်းပိုင် မွေးဖွားမှုသည်လည်း ၈ ကောင်ခန့် ရှိကြောင်း ၊ ထို့ကြောင့်သေဆုံးမှုနှင့် မွေးဖွားမှု နှုန်းမှာ ဆတူခန့်ရှိနိုင်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊...
အာမန်၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျော်ဒန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်မှစ၍ COVID-19 ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ တစ်နိုင်ငံလုံး စတင်နေပြီဖြစ်ကြောင်း သိရသည်။ ပထမအသုတ် ကာကွယ်ဆေးထိုးနှံမှုကို ကပ်ရောဂါကာကွယ်ရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါအခံရှိသူများကို အဓိကထား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် သိသိသာသာ ကျဆင်းနေသော်လည်း စိတ်ချရပြီဟု တွေးဆရန်မသင့်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၁၃ ရက်၌ သတိပေးပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ ဇန်နဝါရီ ၁၄ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ကို COVID-19 ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ကျင်းပသွားရန် စီစဉ်ထားကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။