မော်စကို ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်တစ်ခုအတွက် ရုရှားနိုင်ငံမော်စကို မှ အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းဆိုက်ရောက်လာသည့် ရုရှားလေကြောင်းလိုင်း Aeroflot ၏ လေယာဉ်တစ်စင်းအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း Sputnik သတင်းဌာနက ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
စင်ကာပူ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) လက်မှတ်ရေးထိုးခဲ့ခြင်းသည် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်သစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် စင်ကာပူနိုင်ငံမှ ပညာရှင်တစ်ဦးက...
အစ္စတန်ဘူလ်၊ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တူရကီနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသော ပထမဆုံးပို့ကုန်ရထားသည် သောကြာနေ့က အစ္စတန်ဘူလ်မြို့မှ စတင် ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၀၈ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ COVID-19 လူနာ ၉၉,၀၀၀ကျော်ထိ တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့...
ထျန်းဆွေ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့ မိုင်ကျီးဒေသတွင် တည်ရှိသော မိုင်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသည် နိုင်ငံအတွင်းရှိ ကျောက်လိုဏ်ဂူအစုအဖွဲ့ကြီး ၄ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။