Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၉၉,၀၀၀ကျော်ထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၀၈ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ COVID-19 လူနာ ၉၉,၀၀၀ကျော်ထိ တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၅၄၁ခုအား စစ်ဆေးခဲ့ပြီး COVID-19 လူနာသစ် ၁,၁၀၈ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယခုအခါ စုစုပေါင်းအတည်ပြုလူနာ ၉၉,၁၅၅ဦးရှိလာကြောင်း ၊၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့် ရရှိသူ ၁,၂၅၄ ဦး ရှိသဖြင့် ဆင်းရုံဆင်းခွင့်ရသူ စုစုပေါင်း ၇၇,၆၃၆ ဦးရှိလာကြောင်း သိရသည်။

ယနေ့ COVID-19ကြောင့် သေဆုံးလူနာ ၂၉ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၂,၂၁၀ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။

ယခုအခါတွင် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

ထို့အတူ COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူ့သို့ ပန်ကြားချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ)အား ဒီဇင်ဘာ ၁၅ ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ (Xinhua)

#အတည်ပြုလူနာ #လူနာသစ် #စီမံချက် #ဆင်ဟွာ #Xinhua #myanmar #မြန်မာ