Connect with us

Europe

တူရကီ၏ ပထမဆုံး တရုတ်နိုင်ငံသို့ ပို့ကုန်ရထား အစ္စတန်ဘူလ်မှ စတင် ထွက်ခွာလာပြီဖြစ်

တူရကီ၏ ပထမဆုံး တရုတ်နိုင်ငံသို့ ပို့ကုန်ရထား အစ္စတန်ဘူလ်မှ စတင် ထွက်ခွာလာပြီဖြစ်

အစ္စတန်ဘူလ်၊ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တူရကီနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို တင်ဆောင်လာသော ပထမဆုံးပို့ကုန်ရထားသည် သောကြာနေ့က အစ္စတန်ဘူလ်မြို့မှ စတင် ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

ယင်းပို့ကုန်ရထားစတင်ထွက်ခွာခြင်း အထိမ်းအမှတ် အခမ်းအနားကို အစ္စတန်ဘူလ်မြို့၏ ဥရောပဘက်အခြမ်းရှိ Kazlicesme ဘူတာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကုန်ပစ္စည်းများအပြည့်ထည့်ထားသည့် ကွန်တိန်နာ ၄၂ လုံးပါ ရထားကြီးသည် တရုတ်နိုင်ငံ ရှီးအန်းမြို့သို့ အတားအဆီးမရှိ အဆင်ပြေချောမွေ့စွာ ရောက်ရှိလာတော့မည် ဖြစ်သည်။

အဆိုပါရထားကြီးသည် ၈,၆၉၃ ကီလိုမီတာခရီးကို မောင်းနှင်ရမည်ဖြစ်ပြီး တိုက်ကြီး ၂ တိုက် ၊ ပင်လယ်ကြီး ၂ ခု၊ နိုင်ငံ ၅ နိုင်ငံကို ဖြတ်သန်းမောင်းနှင်ကာ ၁၂ ရက်အတွင်း တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

#Turkey, #China, #export, #freighttrain, , #Xinhua, #တူရကီ, #တရုတ်, #ပို့ကုန်, #ကုန်တင်ရထား, #ဆင်ဟွာ

 

……………………………..
(English Version)

Turkey’s 1st China-bound freight train departs from Istanbul

The first train carrying export goods from Turkey to China departed from Istanbul on Friday. A ceremony was held at the Kazlicesme train station on the European side of Istanbul. The train, which carries white appliances in 42 containers, will reach China’s Xi’an without interruption.

It will travel 8,693km,pass two continents, two seas, five countries and transport its freight to China in 12 days.