Connect with us

Videos

တရုတ်နိုင်ငံက အအေးလွန်ကဲသည့် ဒေသများတွင် အန္တရာယ်ကင်းစွာ ပြေးဆွဲနိုင်မည့် ကျည်ဆန်ရထား တီထွင်

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံက ပေကျင်းတွင် အပူချိန် အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်အောက် ကျဆင်းနေသည့် ရာသီဥတု၌ ပြေးဆွဲနိုင်မည့်မြန်နှုန်းမြင့် EMU အမျိုးအစား ကျည်ဆန်ရထား ကိုတီထွင်ထုတ်လုပ်ခဲ့သည်။ဖူရှင်းဟု အမည်ရသည့် EMU အမျိုးအစား ကျည်ဆန်ရထား သည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲနိုင်ရန်ဒီဇိုင်းထုတ်ထားသည်။ ထိုရထားကို ပေကျင်းမြို့နှင့် တရုတ်နိုင်ငံ မြောက်ဘက်စွန်းပြည်နယ် ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်း မြို့သို့ပြေးဆွဲရန်ရည်ရွယ်ထားကြောင်း သိရသည်။

“ဒါက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းနဲ့ ပြေးဆွဲဖို့ ဒီဇိုင်းထုတ်ထားတဲ့ Fuxing CR400AF-G ရထားပါ၊ ဒါက ဖူရှင်း ရထားကုမ္ပဏီက ထုတ်လုပ်တဲ့ အမျိုးအစားအသစ်ရထားနမူနာပါ၊ ဒီရထားကို ပေကျင်းနှင့် ဟာအယ်ပင်း ချိတ်ဆက်ထားတဲ့ မြန်နှုန်းမြင့်ရထားလမ်းမှာပြေးဆွဲမယ်၊ ဒီရထားဟာ ရာသီဥတု အနုတ် ၄၀ ဒီဂရီ ဆဲလ်စီးယပ် အောက်ရှိတဲ့ အချိန်မှာအန္တရာယ်ကင်းကင်းနဲ့ပြေးဆွဲနိုင်မယ့် ရထားလည်းဖြစ်ပါတယ်” ဟု China Railway Beijing Group Co., Ltd.မှ တာဝန်ရှိသူ Zhou Song ကဆိုသည်။

အအေးလွန်ကဲသည့်ဒေသများတွင် အန္တရာယ်ကင်းစွာမောင်းနှင်ပြေးဆွဲရန် ထုတ်လုပ်သည့် ယခု ကျည်ဆန်ရထားအသစ်တွင် အဆင့်မြင့်နည်းပညာများကိုလည်း အသုံးပြုထားသည်။ ရေခဲမှုမှ ကာကွယ်နိုင်ရန် ရထားအောက်ခြေ ကိုယ်ထည်ကို အထူဆုံး ကြွေထည်အမျိုးအစား ပစ္စည်းများဖြင့်တပ်ဆင်ထားသည်။ ရထား၏ ဘရိတ်စနစ်ကိုလည်း အလိုအလျောက်စနစ်ဖြင့် ရေခဲခြင်းအားကာကွယ်ရန် တီထွင်ထားသည်။ ရထားတွင် လျှပ်ကာပစ္စည်းများ နှင့် ရေတိုင်ကီနှင့်ရေပိုက်များအား အပူပေးသည့် စနစ်များကိုလည်းထည့်သွင်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.