ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် သီလဝါဆိပ်ကမ်းသို့ရောက်ရှိနေသော LNG ဓာတ်ငွေ့ရည် သိုလှောင်ရေးသင်္ဘောသည် LNG Cargo များအား လက်ခံသိုလှောင်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန် လိုအပ်သော LNG များကို ပိုက်လိုင်းဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းထံမှ...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲများတင်ပို့မှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း တပ်မတော် အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိရာ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှနိုဝင်ဘာလ ၂၄ ရက်အထိ ၁၁ လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုမှာ စုစုပေါင်း တန်ဖိုး ကျပ် ၈၃၇...
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ /စိုးသန်းလင်း ဒို့တာဝန်အရေးသုံးပါးနှင့် အမျိုးသား အကျိုးစီးပွား အပေါ် လိုက်နာ လေးစားသော မည်သည့် ပါတီ မဆို တပ်မတော်နှင့် မူဝါဒပိုင်းမှာ နီးကပ်ပြီး ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုယ်စား ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပုပ္ပားတောင် (မီးငြိမ်တောင်)၏ မီးတောင်၀ ခေါ် ချွန်းမလွန်းချောက်ထဲတွင် ရှိသည့် မျောက်မျိုးစိတ်သစ် တစ်မျိုးဖြစ်သော မြန်မာအမည်ပုပ္ပါးမျောက်မြီးရှည်ခေါ်(Popa Langur Trachypithecus popa) သည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် သာရှိသည့် မျိုးစိတ်ဖြစ်လာကြောင်း သားငှက်ထိန်း...