တိုကျို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်းTochigi မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဗာနူအာတူနိုင်ငံ ဆိုလာမြို့ အနောက်မြောက်အနောက်ဘက် ၁၀၅ကီလိုမီတာ အကွာတွင် အင်အား ၆.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
မာပူတို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် နယ်စပ် ဇင်ဘာဘွေနိုင်ငံတို့တွင် ဒီဇင်ဘာလ ၂၂ ရက်က အင်အား ၅.၅ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေး သတိပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နံနက်ပိုင်းက အသေခံကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။