Connect with us

Asia

သီရိလင်္ကာနိုင်ငံက အဝေးပြေးလမ်းမကြီးများခင်းရန် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ အသုံးပြုမည်

သီရိလင်္ကာနိုင်ငံရှိ အဓိကဆိပ်ကမ်းများ၊ လေဆိပ်များနှင့် ချိတ်ဆက်မည့် Southern Expressway အဝေးပြေးလမ်းတိုးချဲ့ခြင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

သီရိလင်္ကာနိုင်ငံတွင် အဝေးပြေးလမ်းမကြီးများခင်းရာတွင် ကုန်ကြမ်းအဖြစ် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက နိုဝင်ဘာ ၂၈ ရက်နေ့၌ သတင်းဖော်ပြခဲ့သည်။

ကိုလံဘိုခရိုင်၊ Homagama ဆင်ခြေဖုံးရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြင့် ပြုပြင်ထားသည့် ကတ္တရာကို အသုံးပြု၍ သီရိလင်္ကာနိုင်ငံတွင် ပထမဆုံးလမ်းခင်းခြင်းစီမံကိန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Bandula Gunawardena က နိုဝင်ဘာ ၂၆ ရက်နေ့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ထောက်ပံ့ပေးမည့် သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းပြည်နယ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့နှင့် နည်းပညာထောက်ပံ့ပေးမည့် ပုဂ္ဂလိကကုမ္ပဏီ AGC Innovate တို့ကြား သဘောတူလက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ကုန်ကို အနောက်ပိုင်းပြည်နယ် ပြည်နယ်ဆိုင်ရာ လမ်းများ ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့က ဆောင်ရွက်သော အဝေးပြေးလမ်းမကြီးများခင်းခြင်းလုပ်ငန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် Daily News သတင်းစာက ဖော်ပြထားသည်။

သီရီလင်္ကာနိုင်ငံတွင် တစ်နေ့လျှင် စွန့်ပစ်ပစ္စည်း ၇,၀၀၀ မက်ထရစ်တန် ထွက်ရှိနေပြီး ၎င်းတို့၏ ၆၀ ရာခိုင်နှုန်းမှာ နိုင်ငံ၏ အနောက်ပိုင်းပြည်နယ်မှဖြစ်သည်။ အစိုးရအနေဖြင့် တစ်ခါသုံးပလတ်စတစ်များ အသုံးပြုမှုပိတ်ပင်ရန်နှင့် စွန့်ပစ်ပလတ်စတစ်ကို မဖြစ်မနေပြန်လည်အသုံးပြုရန် အစီအစဉ်များကို ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117