ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၅၇ ရွက်ဖြင့် ကျွဲဝယ်သူအမျိုးသား ၃ ဦးအား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကာရေဘီယံပင်လယ်တွင် အောက်တိုဘာလ ၈ ရက်နံနက်ပိုင်းက ဟာရီကိန်းမုန်တိုင်း မစ်ချယ်အဖြစ် စတင်ဖွဲ့စည်းဖြစ်ပေါ်ခဲ့ပြီး ယင်းမုန်တိုင်းသည် အောက်တိုဘာလ ၁၀ ရက်၌ ဟာရီကိန်းအကြီးစားအဖြစ် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်သို့ ဝင်ရောက်နိုင်ကာ လေပြင်းကျခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
တပ်ရှ်ကန့်မြို့၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံ တောင်ပိုင်း Kashkadaryaရှိ လူနေအိမ်ခြေ တစ်ခုတွင် အောက်တိုဘ ၈ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ် အခြေအနေ စီမံကွပ်ကဲမှုဌာနမှ ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက် တွေ့ရှိအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။