Connect with us

Politics, Law & Military

သမ္မတရှီက တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့်အတူ COVID-19 ကာကွယ်ဆေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အသင့်ရှိကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ်အိန်ဂျလာမာကဲလ်တို့ ပေကျင်းမြို့၌ ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကာကွယ်ဆေးထုတ်လုပ်ခြင်း နှင့် ကာကွယ်ဆေးအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကုန်စည်တစ်ခုအဖြစ် မျှတစွာဖြန့်ဖြူးနိုင်အောင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကူအညီဖြစ်စေရေး တွန်းအားပေးရန်အတွက် ဂျာမနီနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်လျက်ရှိကြောင်း နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရှီက ဂျာမနီနိုင်ငံဝန်ကြီးချုပ်အိန်ဂျလာမာကဲလ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတစ်ခုအတွင်း အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သော ရက်ပိုင်းတွင် ၎င်း နှင့် မာကဲလ်တို့ နှစ်ဦးစလုံးသည် G20 ထိပ်သီးအစည်းအဝေးကို အတူတကွတက်ရောက်ခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို လက်ကိုင်ထားရန် ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ၊ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် လက်တွဲဆောင်ရွက်ရန် ၊ ကမ္ဘာ့စီးပွားရေးသွေးသစ်လောင်းရန် နှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို လက်တွဲကိုင်တွယ်ဖြေရှင်းရန် အပြန်အလှန် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဥရောပ နှင့် အချို့သော ကမ္ဘာ့ ဒေသများသည် ကပ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း ၊ ကပ်ရောဂါအား တိုက်ဖျက်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် အတူတကွလက်တွဲဆောင်ရွက်ရေးမှာ ထိပ်တန်းဦးစားပေးအဆင့်တွင် ဆက်လက်ကျန်ရှိနေဆဲ အကြောင်းအရာတစ်ခုဖြစ်ကြောင်း ရှီ ကဆိုသည်။

ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့်ရှေ့ဆက်တိုးမြှင့်ဆောင်ရွက်ရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လိုက်လျောညီထွေးလမ်းကြောင်းတစ်ခုတွင် အပြန်အလှန် ချိတ်ဆက်မှုကို ထိန်းသိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။တရုတ်နိုင်ငံသည် တံခါးဖွင့်ခြင်းကိုဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဝယ်လိုအား လျှင်မြန်စွာမြင့်တက်လာခြင်း နှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းသစ်ခုအတွက် တက်ကြွစွာ တွန်းအားပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဂျာမနီနိုင်ငံအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ နှင့် ဥရောပသမဂ္ဂ(အီးယူ) အနေဖြင့် တရုတ် စီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ရန် တံခါးဖွင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန်လေးစားမှု နှင့် နှစ်ဖက်အကျိုးစီးပွား၏ အထွေထွေစည်းမျဉ်းစည်းကမ်းအပြင် တွေ့ဆုံဆွေးနွေးခြင်း နှင့်ပူးပေါင်းဆောင်ရွက်ခြင်း လမ်းကြောင်းများ အားလုံးပေါ်တွင် အစဉ်အမြဲလိုက်နာကျင့်သုံးမှု တို့ကိုလည်း ၎င်းက အကြံပြုဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံ၏ နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်-ဂျာမနီ နှစ်နိုင်ငံအစိုးရကြား ဆွေးနွေးပွဲစကားဝိုင်းသစ်ပြုလုပ်ရန် ၎င်းအနေဖြင့်မျှော်လင့်ကြောင်းလည်း ရှီက ဆိုသည်။
တရုတ်-အီးယူ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုမြင့်မားသောကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းများ နှင့် ရှုပ်ထွေးသော နိုင်ငံတကာအခြေအနေတွင် မဟာဗျူဟာမြောက်အရေးပါမှုများ ရရှိပိုင်ဆိုင်နေသည်ကို ရှီက မီးမောင်းထိုးပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန်ယုံကြည်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ၊ နှစ်ဖက်အပြန်အလှန်ဖလှယ်မှု နှင့် လေ့လာသင်ယူမှုကို တိုးမြှင့်ခြင်း ၊ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို ထိန်းသိမ်းခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှုကို မြှင့်တင်ခြင်း တို့ကို ဆက်လက်မြှင့်တင်သွားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သော စက်တင်ဘာလက မာကဲလ် ၊ ဥရောပကောင်စီ ဥက္ကဌ Charles Michel ၊ ဥရောပကော်မရှင် ဥက္ကဌ Ursula von der leyen တို့နှင့် ပြုလုပ်သော ဗီဒီယိုရုပ်သံမှတစ်ဆင့် ဆွေးနွေးမှုအတွင်း သဘောတူညီချက်များစွာရရှိခဲ့သည်ကို ရှီက ပြန်ပြောင်းပြောကြားခဲ့ပြီး ယင်းအရာအားလုံးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီးယူ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ဆွေးနွေးပွဲများကို သက်မှတ်ချိန်အတွင်း ကျင်းပနိုင်ရန် နှင့် နောက်ထပ်အဆင့်များအတွက် ၎င်းတို့၏ အဓိကအရေးကိစ္စရပ်များတွင် အီးယူနှင့်အတူ အနီးကပ်ချိတ်ဆက်ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားရန် အသင့်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တရုတ်-အီးယူ ဆွေးနွေးပွဲ ယန္တရားများ တည်ဆောက်မှုကို တွန်းအားပေးရန် အပါအဝင် ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု ၊ တရုတ် နှင့် အီယူး အစိမ်းရောင်မိတ်ဖက်များ နှင့် ဒီဂျစ်တယ်မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်မှု ၊ အခြေအနေသစ်များအောက်တွင် တရုတ်-အီးယူ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တိုးတက်ခိုင်မာအောင် တွန်းအားပေးခြင်း တို့ကို လက်တွဲကြိုးပမ်းအားထုတ်ရေးအတွက် ရှီက ပြောကြားခဲ့ကြောင်းလည်း သိရသည်။(Xinhua)