Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ကလေးဦးရေ ၁.၂ သန်း နီးပါးရှိလာ

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် လင်ကွန်းရှိုင်းယားမြို့ရှိ ဖရုံသီးပွဲတော်တွင် ဆော့ကစားနေသည့် ကလေးငယ်များကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားကတည်းက ကလေးဦးရေ ၁.၂ သန်းနီးပါးတွင် COVID-19 ရောဂါ တွေ့ရှိခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်း တို့၏ နောက်ဆုံးတွေ့ရှိသည့် အချက်အလက်များအရ သိရသည်။

နိုဝင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ COVID-19 အတည်ပြု ကလေးလူနာအသစ် စုစုပေါင်း ၁၄၄,၁၄၅ ဦး ရှိကြောင်း သတင်းဖော်ပြခဲ့ပြီး အမေရိကန်နိုင်ငံတွင် COVID-19 အတည်ပြုခံရသည့် ကလေးအရေအတွက် ၂၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း AAP ၏ အဆိုအရ သိရသည်။

ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက COVID-19 အတည်ပြုခံရသည့်ကလေးလူနာအသစ် အရေအတွက်မှာ အပတ်စဉ်အမြင့်မားဆုံး ဖြစ်ကြောင်း AAP က ဆိုသည်။ယခုအခါတွင် အမေရိကန်နိုင်ငံတွင် ကလေးများ ရောဂါကူးစက်ခံရမှုသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အားလုံး၏ ၁၁ ရာခိုင်နှုန်းကျော်ရှိနေကြောင်း သိရသည်။

ယေဘုယျအားဖြင့် ကလေးဦးရေ ၁၀၀,၀၀၀ တွင် ၁,၅၇၃ ဦးနှုန်း ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း AAP၏ ဖော်ပြချက်အရ သိရသည်။ထို့ပြင် ဆေးရုံဆင်းခွင့်ရသည့်အရေအတွက်အနေဖြင့် ၁.၂ ရာခိုင်နှုန်း မှ ၃.၁ ရာခိုင်နှုန်းရှိပြီး သေဆုံးမှုအနေဖြင့် စုစုပေါင်းသေဆုံးသူ၏ ဝ မှ ဝ.၂၃ ရာခိုင်နှုန်းရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

“ယခုအချိန်အထိ ကလေးများအကြား COVID-19 ကြောင့် အပြင်းအထန်ဖျားနာတယ်ဆိုတာက ရှားပါတယ်။ သို့သော်လည်း ရောဂါကူးစက်ခံရတဲ့ကလေးတွေရဲ့ စိတ်ထိခိုက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ ကလေးတွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို အချိန်အကြာကြီး ထိခိုက်ကောင်းထိခိုက်နိုင်တဲ့ နည်းလမ်းတွေ အပါအဝင် ကလေးတွေမှာ ကပ်ရောဂါကြာရှည်သက်ရောက်မှုနဲ့ ပတ်သက်ပြီး အချက်အလက် ပိုမိုစုဆောင်းဖို့ အရေးတကြီးလိုအပ်ပါတယ်” ဟု AAP က အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.