မနီလာ၊အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက အင်အား ၆.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အမြန်လမ်းမကြီး တစ်လျောက် ယခု အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၅ ဦး ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်သော အချက်အလက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
တိုကျို ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ရှိ သမိုင်းဝင် ကမာ္ဘ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဉီတစ်ခုဖြစ်သော ဆူရီရဲတိုက်(Shuri) ၏ ပင်မအဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ အနီးအနားရှိ အခြားအဆောက်အဉီများကိုလည်း မီးကူးစက်မှုဖြစ်ပေါ်ခဲ့ကြောင်း နှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်မှုလုပ်ဆောင်ပေးခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင်...
ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ယနေ့ အောက်တိုဘာ ၃၀ ရက်တွင် ပြုလုပ်သော ကော်မတီ အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။