ပါရီ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားရန် ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လော့ခ်ဒေါင်းချမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ၂၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ် ၃,၃၅၄,၅၃၈ အုပ်ရိုက်ထုတ်ခဲ့ရာတွင် ထီစာအုပ် ၂,၇၈၇,၃၆၉အုပ်သာရောင်းချခဲ့ရကြောင်း၊ ထီစာအုပ် ၅၆၇,၁၆၉ အုပ် မှာရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်သွယ်မှု ဆက်စပ်ဌာနများကြား တူညီသည့်အချက်များအား Single Entry အဖြစ်ဆောင်ရွက်နိုင်စေရန် ကုန်သွယ်မှုလုပ်ငန်းများအတွက် ထောက်ခံချက်ပေးသည့် လုပ်ငန်းများ အပါအဝင် လိုင်စင်နစ်နှင့် ဆက်စပ်လုပ်ငန်းများအား အွန်လိုင်းအသုံးပြုဆောင်ရွက်နိုင်မည့် Myanmar Tradenet 2.0 စနစ်အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်မှစ၍...