Connect with us

WORLD

ပြင်သစ်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအား ဟန့်တားရန် နောက်ထပ်တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လော့ခ်ဒေါင်းချ

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် ရုပ်မြင်သံကြား မိန့်ခွန်းစကားပြောကြားနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားရန် ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လော့ခ်ဒေါင်းချမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

သမ္မတ မက်ခရွန်၏ ရုပ်မြင်သံကြားမိန့်ခွန်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နောက်ထပ်တစ်ကြိမ် လော့ခ်ဒေါင်းချမှုကို အနည်းဆုံး ဒီဇင်ဘာ ၁ ရက် အထိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့မြင်ကွင်းများအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့မြင်ကွင်းများအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့ခ်ဒေါင်းကာလအတွင်း အများပြည်သူအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာမှုများကို တားမြစ်ထားပြီး အလုပ်၊ ကျန်းမာရေးနှင့်စားသောက်ကုန်အသုံးအဆောင်ပစ္စည်းဝယ်ယူခြင်းများအတွက် အပြင်ထွက်ခွာခွင့် အထောက်အထားပြရမည်ဖြစ်ကြောင်း ၊ လူစုလူဝေးလုပ်ခြင်းကို တားမြစ်ထားပြီး ယခု စနေ၊တနင်္ဂနွေHalloween ပိတ်ရက် အိမ်ပြန်ခြင်းမှလွဲ၍ နယ်မြေဖြတ်ကျော် ခရီးသွားလာခြင်းကို ကန့်သတ်ထားကြောင်း၊ မူကြို၊မူလတန်းအလယ်တန်းကျောင်းများကို ဆက်လက်ဖွင့်ထားပြီး တက္ကသိုလ်ကျောင်းများကိုပိတ်ထား၍ အွန်လိုင်း သင်ကြားမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကုမ္ပဏီလုပ်ငန်းများကို အဝေးမှလုပ်ငန်းလုပ်ဆောင်ခြင်း၊ အော်ဒါတင်ခြင်း ပစ္စည်းအိမ်တိုင်ရာရောက်ပို့ဆောင်ခြင်းနှင့် ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအရှိန်အဟုန်သည် ခန့်မှန်ကာလထက် ကျော်လွန်နေကြောင်း၊ ပြင်သစ်နိုင်ငံ ဒေသအားလုံးတွင် ကပ်ရောဂါ သတိပေးအဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ အထူးကြပ်မတ်ကုသဆောင်တွင် လက်ခံကုသမည့်သူ နိုဝင်ဘာလလယ်တွင် ၉,၀၀၀ နီးပါးရှိလာနိုင်ရာ ယခု ရောဂါကပ်လှိုင်းသည် ပထမလှိုင်းထက် ဆိုးဝါးကြောင်း မက်ခရွန်က ဆိုသည်။ ထို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို မဖြစ်မနေ တင်းကျပ်စွာချခြင်းဖြစ်ရာ အသက်ကြီးရွယ်အိုနှင့် ကျန်းမာရေးချို့တဲ့အားနည်းသူများအတွက် အကာအကွယ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့မြင်ကွင်းများအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့မြင်ကွင်းများအား အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ပထမအကြိမ် လော့ခ်ဒေါင်းနှင့်နှိုင်းယှဉ်ပါက ယခုလော့ခ်ဒေါင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အကန့်အသတ်များကို ဖြေလျော့ထားသလို ပြည်သူ့ဝန်ဆောင်မှုဌာန၊ စက်ရုံ၊ လယ်ယာမြေ၊အဆောက်အဦလုပ်ငန်းခွင်များကို ဆက်လက်လည်ပတ်သွားမည် ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။  

ကုမ္ပဏီလုပ်ငန်းများအနေဖြင့် အစိုးရထံသို့ ဝန်ထမ်းအလုပ်ချိန် လျှော့ချရန် လျှောက်ထားမှုကြောင့် အလုပ်သမားဝန်ထမ်းများ၏နစ်နာမှုကို ဖြည့်စွက်ပေးရမည့် ကုမ္ပဏီလုပ်ငန်းများ၏ အခက်အခဲကို ကူညီဖြေလျော့ပေးမည့်အစီအစဉ်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်းနှင့် မူဝါဒများအကြောင့် ပိတ်ထားရသည့် လုပ်ငန်းများအတွက် တစ်လလျှင် အစိုးရထောက်ပံ့ကြေးငွေ အများဆုံး ယူရိုငွေ ၁ သောင်းရရှိမည်ဖြစ်ကြောင်း ဆိုသည်။

ပြင်သစ်နိုင်ငံအနေဖြင့် လူအများရောဂါကူးစက်စေခြင်းဖြင့် ကိုယ်ခံအားရစေခြင်း ဗျူဟာ(Herd immunity strategy)ကို ကျင့်သုံမည်မဟုတ်ကြောင်း မက်ခရွန်က ဆိုသည်။ လက်ရှိ ပြင်သစ်နိုင်ငံတွင် အပတ်စဉ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုပေါင်း ၁.၉ သန်း ပြုလုပ်လျက်ရှိပြီး အစိုးရအနေဖြင့် အထူးကြပ်မတ်ကုသဆောင် ကုတင်နေရာများကို ကြိုးပမ်း တိုးချဲ့ထားကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းသိမ်းရန်အတွက် ပြင်သစ်နိုင်ငံတွင် မတ် ၁၇ ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချခဲ့ရာ မေ ၁၁ ရက် မှစ၍ တစ်ဆင့်ချင်းဆီ ဖြေလျော့ပေးခဲ့သည်။

ပြင်သစ်နိုင်ငံ အစိုးရ ဝဘ်ဆိုက်၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၃၆,၄၃၇ ဦး ဖြင့် စုစုပေါင်းအတည်ပြုလူနာ ၁,၂၃၅,၁၃၂ ဦး ၊ စုစုပေါင်း သေဆုံးသူ ၃၅,၇၈၅ ဦး ရှိကြောင်း သိရသည်။ (Xinhua)
 
 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.