ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ၌ အောက်တိုဘာ ၁၂ ရက်မှ ၂၅ ရက်အထိ သီတင်းနှစ်ပတ်အတွင်း တရားမဝင်သစ် စုစုပေါင်း ၁၀၉ တန် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
လာဟိုး၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသော ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရထားလမ်း လိမ္မော်ရောင်လိုင်း(Orange Line) စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တို့မှ အွန်လိုင်းဗွီဒီယိုချိတ်ဆက်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ဗီယင်ကျန်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို ၅ သိန်း ကျော်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။