Connect with us

Asia

တရုတ်နိုင်ငံမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေစိုးမိုးရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်လှူဒါန်း

တရုတ်နိုင်ငံမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ ပေးအပ်လှူဒါန်းသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းသုံး မော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် တရုတ်သံအမတ်ကြီး ကျန်းကျိုက်တုံနှင့် လာအိုနိုင်ငံ ပြည်သူလုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Vilay Lakhamfongအား တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုံက တရုတ်-လာအို နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီးအစိတ်အပိုင်း ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် မော်တော်ယာဉ် လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းသည် လာအိုနိုင်ငံ၏ဆက်စပ်လုပ်ငန်းများတွင် အထောက်အကူပြုရန် နှင့် နှစ်နိုင်ငံပြည်သူ့လုံခြုံရေးကဏ္ဍတိုးတက်မှု၊ တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ ပေးအပ်လှူဒါန်းသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းသုံး မော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် အောက်တိုဘာ ၂၃ ရက်က ကျင်းပစဉ်(ဆင်ဟွာ)

လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Vilay Lakhamfong က လာအို-တရုတ် နှစ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသည် အစဉ်အမြဲ အပြန်အလှန် အားပေးထောက်ခံကူညီဖေးမလျက်ရှိကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသို့ ပစ္စည်းများထောက်ပံ့ပေးခြင်း၊ မွမ်းမံသင်တန်းများပေးခြင်းစသည်တို့တွင် ကူညီဆောင်ရွက်ပေးခဲ့ရာ များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသို့ ပေးအပ်လှူဒါန်းသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းသုံး မော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် အောက်တိုဘာ ၂၃ ရက်က ကျင်းပစဉ်(ဆင်ဟွာ)
လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာအနေဖြင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့်အတူ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများတွင် တစ်ဆင့်တိုး ကျယ်ပြန့်နက်နဲစွာ ဆောင်ရွက်သွားကာ နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ကိုင်ခြင်း စသည့် ရာဇဝတ်မှုအမျိုးမျိုးကို တိုက်ဖျက်သွားပြီး နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.