ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရခိုင် ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်း အုပ်စုအတွင်းရှိ မီးတောင်မှ ချော်ရည်ပူ မှုတ်ထုတ်မှုများ ဖြစ်ပွားကာ မီးတောင်အနီးရှိ လယ်မြေ အချို့ချော်ရည်ပူ ဖုံးလွှမ်းပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
နယူးယောက် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဖီဂျီကျွန်းများ၏ တောင်ပိုင်းတွင် (စက်တင်ဘာ ၁၆ ရက် ) ဂရင်းနစ်စံတော်ချိန် ၂၁:၁၁:၄၈ နာရီတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိတိုင်းတာရေးဌာန ကဆိုသည်။
မနီလာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း တွင် မြေပြိုမှုကြောင့် ပိတ်ဆို့သွားသည့် တူးမြောင်းတစ်ခု အတွင်းသေဆုံးနေသော မိုင်းတွင်းအလုပ်သမား အယောက် ၃၀ ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
မနီလာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လူဇုန် (Luzon) ကျွန်း၏ မြောက်ဘက်စွန်းသို့ အင်အားပြင်းထန်သော မန်ကွတ်တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၅ဦး ရှိလာကြောင်း ပြည်တွင်းမီဒီယာ က စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။