Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁,၀၆၆ ဦးအထိရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၄၂၃) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၄၃,၇၈၈) ဦးရှိလာပြီဖြစ်ကာ လူနာ(၂၈)ဦးထပ်မံသေဆုံးခဲ့ ခြင်း ကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၀၆၆) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၄ ရက်ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၅၄)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၃,၇၀၈)ဦး ရှိလာခဲ့ကြောင်း သိရသည်။ ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၄,၂၃၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၅၉၄,၁၅၁) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၈)ဦးအနက် ရောဂါအခံရှိသူ (၂၄)ဦးပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၁,၈၁၁) ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၃၆၁)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၉၇၉) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊ပဲခူးတိုင်းဒေသကြီးမှ (၂၃၀)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၇၅)ဦး၊ ကရင်ပြည်နယ်မှ (၄၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁၃)ဦး၊မကွေးတိုင်းဒေသကြီးမှ(၇)ဦး၊ မွန်ပြည်နယ်မှ(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁)ဦး၊ ရှမ်းပြည်နယ်မှ (၁)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး၊ ကယားပြည်နယ်မှ (၁)ဦးနှင့် နေပြည်တော်မှ (၁)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၆၁)ဦးတွင် အနံ့မရရှိသူ (၁၃၅) ဦးပါရှိကြောင်း သိရသည်။ (Xinhua)