Connect with us

WORLD

မက္ကဆီကိုနိုင်ငံ ပညာရှင် က ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်မှု အတွေ့အကြုံအား လေ့လာသင်ယူသင့်ကြောင်းပြောကြား

မက္ကဆီကိုနိုင်ငံတွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ ဈေးဝယ်ရန်တန်းစီနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် သုတေသီ Clement Ruiz ကလတ်တလောရက်ပိုင်းအတွင်း မက္ကဆီကိုနိုင်ငံ သတင်းစာတစ်ခုဖြစ်သည့် “ဘဏ္ဍာရေးသတင်း” ၌ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှု အတွေ့အကြုံအားလေ့လာသင်ယူသင့်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

Clement Ruiz ရေးသားခဲ့သည့် ဆောင်းပါးခေါင်းစဉ်က “တရုတ်နိုင်ငံစီးပွားရေး ပြန်လည်ကောင်းမွန်လာမှုနှင့်ဂလိုဘယ်လိုက်ဇေးရှင်းအပေါ်လှုံ့ဆော်မှု” ဖြစ်ပြီး ဆောင်းပါးတွင် တရုတ်နိုင်ငံတတိယရာသီစီးပွားရေးဆိုင်ရာအချက်အလက်များက လွန်စွာစိတ်ဝင်စားဖွယ်ကောင်းကြောင်း ၊ တရုတ်နိုင်ငံ ၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများက ကမ္ဘာ့နိုင်ငံအသီးသီးအား ကပ်ရောဂါကိုထိရောက်စွာ ထိန်းချုပ်နိုင်မှသာ စီးပွားရေး လျင်မြန်စွာပြန်လည်ကောင်းမွန်နိုင်မည်ကိုသက်သေပြနိုင်ခဲ့ကြောင်း ပါဝင်ခဲ့သည်။

ဆောင်းပါးတွင် တရုတ်နိုင်ငံအနေဖြင့် ပြည်သူလူထု၏အသက်လုံခြုံရေးကို ကာကွယ်ရန် အဓိကဦးစားပေးနေရာတွင်ထားကာ ကပ်ရောဂါအားထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် တစ်ဆင့်ချင်းစီးပွားရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ ပြည်တွင်းစားသုံးသူဈေးကွက်ကို တွန်းအားပေးဆောင်ရွက်ခဲ့ပြီး အခြေခံအဆောက်အဦတည်ဆောက်မှု တွင် ရင်းနှီးမြှုပ်နှံမှုကို အားစိုက်ဆောင်ရွက်ကာ ပြည်ပပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ကပ်ရောဂါရင်ဆိုင်ဖြေရှင်းပုံ က ကမ္ဘာ့နိုင်ငံအသီးသီးအတွက် လွန်စွာပြည့်ဝသည့် အတွေ့အကြုံကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပါဝင်ခဲ့သည်။

Clement Ruiz က မက္ကဆီကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးအား တိုးချဲ့ဆောင်ရွက်သွားရန် ၊ တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီများအား မက္ကဆီကိုနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလာရောက်ပြုလုပ်ရန် ဖိတ်ခေါ်စေလိုကြောင်း ၊ လေ့လာမှုပြုလုပ်ပြီး မက္ကဆီကိုနိုင်ငံစီးပွားရေးတိုးတက်မှုမူဝါဒကို ပြန်လည်သတ်မှတ်ကာ မက္ကဆီကို-တရုတ် နှစ်နိုင်ငံဖလှယ်မှုကို တွန်းအားပေးဆောင်ရွက်ရန် အကြံပြုခဲ့သည်။ (Xinhua)