ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ကန်းစု၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုဒေသသည် တရုတ်နိုင်ငံ ၏ မြောက်ဘက်စွန်းပိုင်းဒေသတွင် တည်ရှိပြီး သဘာဝ အလှအပများနှင့် သာယာလှပလျက်ရှိသည်။ ဆင်ဟွာသတင်းဋ္ဌာနမှ တရုတ်နိုင်ငံ၏ အလှအပများကိုခြုံငုံကြည့်ရှုခြင်း အစီအစဉ်တွင် အံ့အားသင့်ဖွယ် အလှများနှင့် ကန်းစုဒေသ အဖြစ် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်စခန်း ၁၁ခုမှ အကျဉ်းသား ၁၂၀၀ကျော် ယနေ့ ဧပြီ ၁၇ ရက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ) ယီမင်၌ ဆော်ဒီဦးဆောင်သောညွန့်ပေါင်းတပ်ဖွဲ့များ၏ စစ်ပွဲအား အမေရိကန်က ထောက်ပံ့နေမှုကို အဆုံးသတ်ရန်တောင်းဆိုသော အမေရိကန်ကွန်ဂရက်၏ ဆုံးဖြတ်ချက်အား အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၁၆ ရက်တွင်ဗီတိုအာဏာသုံး၍ပယ်ချခဲ့ကြောင်းသိရသည်။
ကင်ရှာဆာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းရှိ Kivuရေကန်တွင် ဧပြီ ၁၅ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂၀ရှိပြီဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း သိရသည်။