Connect with us

Videos

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် COVID-19 တစ်ကျော့ပြန် ကူးစက်ခံရမှု အနည်းငယ်အား အချိန်မီ ထိန်းချုပ်နိုင်ခဲ့

ချင်းသောင်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် ယခု လ အစောပိုင်းက  COVID-19 ရောဂါ တစ်ကျော့ပြန် ကူးစက်မှုသည် လူအနည်းငယ်တွင်  ဖြစ်ပွားခဲ့သည်။အောက်တိုဘာ ၁၁ ရက်တွင် ကူးစက်ခံရမှု အရင်းအမြစ်ကို မသိရှိဘဲ ရောဂါ လက္ခဏာပြသူ ၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့နောက် ချင်းသောင် မြို့နေ ပြည်သူ ၁၁ သန်း အား အောက်တိုဘာ ၁၂ ရက်တွင် နျူကလစ်အက်ဆစ် စစ်ဆေးခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ဆန်းတုန်းပြည်နယ်ရှိ အခြားမြို့များက လည်း ချင်းသောင်မြို့ သို့ သွားရောက်ကာ နျူကလစ်အက်ဆစ် နမူနာများကောက်ယူရန် ကူညီပေးခဲ့ကြသည်။

နမူနာကောက်ယူသည့် လုပ်ငန်းများတွင် ဝန်ထမ်းများက နေ့ရောညပါ ဆောင်ရွက်ခဲ့ကြပြီးနောက် ချင်းသောင်တစ်မြို့လုံးအား ၅ ရက်အတွင်း နျူကလစ်အက်ဆစ်ကောက်ယူ စုဆောင်းပြီးစီးခဲ့သည်။ ချင်းသောင်ဒေသခံအစိုးရက နောက်ထပ် COVID-19 ကူးစက်ခံရသူမရှိကြောင်း စစ်ဆေးတွေ့ရှိမှု ရလဒ်ကို ထုတ်ပြန်ခဲ့သည်။

ထိုအတောအတွင်း ကျွမ်းကျင်သူများကလည်း ကူးစက်မှုအသစ် ၏ အရင်းမြစ်ကို စုံစမ်းစစ်ဆေးလျက်ရှိရာ ကူးစက်မှုသည် ဆေးရုံတစ်ရုံတွင် CT ဓါတ်မှန်ရိုက်ခဲ့သည့် သင်္ဘောလုပ်သားနှစ်ဦးထံမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်ကြောင်း ၅ ရက်အတွင်းစုံစမ်းသိရှိရသည်။ ပိုးသတ်ဆေးဖျန်းခြင်းကို စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် အဆိုပါ CT အခန်းအား အခြားသူများသို့ ထပ်မံ ကူးစက်မှုမရှိစေရန် ပိတ်သိမ်းလိုက်ပြီဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အတွင်း ချင်းသောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃ ဦးအထိရှိခဲ့သည်။  ထိုကူးစက်မှုများပေါ်ထွက်ခဲ့ပြီး ၅ ရက်အတွင်း ချင်းသောင်မြို့နေ ပြည်သူများအား ထပ်မံကူးစက်ခံရမှုမရှိစေရန်  ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.