Connect with us

Videos

တရုတ်နိုင်ငံက ရထားသံလမ်းအကျယ် စနစ်မျိုးစုံတွင် ပြေးဆွဲနိုင်မည့် မြန်နှုန်းမြင့် ရထားအမျိုးအစားထုတ်လုပ်

ချန်းချွမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မီးရထားထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် CRRC Changchun Railway Vehicles Co., Ltd က အောက်တိုဘာ ၂၁ ရက်တွင် ရထားသံလမ်းအကျယ် စနစ်မျိုးစုံတွင် ပြေးဆွဲနိုင်မည့် မြန်နှုန်းမြင့်ရထားအမျိုးအစားသစ်ကို ထုတ်လုပ်ခဲ့သည်။

အဆိုပါ ရထားမှာ တစ်နာရီလျင် ကီလိုမီတာ ၄၀၀ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ရထား လမ်းကြောင်းများ၏ မတူညီသည့် ရထားလမ်းစနစ်မျိုးစုံတွင် အဆင်ပြေချောမွေ့စွာပြေးဆွဲနိုင်ရန်တီထွင် ထုတ်လုပ် ထားခြင်းဖြစ်သည်။

ယခုထုတ်လုပ်ထားသည့် ရထားသည် အပူချိန် (- ၅၀ ဒီဂရီ ဆဲလ်စီးယပ် ) မှ ၅၀ ဒီဂရီ ဆဲလ်စီးယပ်အတွင်း မောင်းနှင်နိုင်ပြီး စွမ်းအင်စနစ်မျိုးစုံနှင့် လည်ပတ်နိုင်ကာ နိုင်ငံပေါင်းစုံရှိ ရထားသယ်ယူပို့ဆောင်ရေးစနစ်များနှင့် ကိုက်ညီအောင်ထုတ်လုပ်ထားကြောင်း ကုမ္ပဏီက ဆိုသည်။

အဆိုပါရထားကို မူရင်းပုံစံ နှင့် နည်းပညာကို အခြေခံထုတ်လုပ်ထားပြီး ကမ္ဘာတစ်ဝန်းလုံးရှိ ဒေသအသီးသီး၏ စံသတ်မှတ်ချက်နည်းစနစ်များ နှင့် မောင်းနှင်လည်ပတ်ရန်လိုအပ်ချက်များနှင့် ကိုက်ညီမည့် မြန်နှုန်းမြင့် ရထားများနှင့် ရထားနှင့်ဆက်စပ်ပစ္စည်းအမှာစာများကို လက်ခံကောက်ယူ ရန် အဆင်သင့်ဖြစ်နေပြီဟု CRRC ကုမ္ပဏီဘက်မှ ထုတ်ပြန်သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုပြေးဆွဲနေသည့် အဓိက ရထားသံလမ်းများမှာ စံသတ်မှတ်ပုံစံ ၄ မျိုးရှိသည်။ ကနဦး ရထားတွဲများမှာ နိုင်ငံများအကြားမတူညီသည့် အတိုင်းအတာများအတွင်းသာ ပြေးဆွဲနိုင်သည့်အပြင် ရထားတွဲများကို လဲလှယ်ရသောကြောင့် အချိန်ကုန်ပြီး လုပ်သားအင်အားအသုံးပြု ရသည်။
ယခုအသစ်ထွက်ရှိထားသည့် CRRC ရထားမှာ ရထားတွဲလဲလှယ်သည့် စနစ်ပါဝင်သောကြောင့် နယ်စပ်ခရီးသွားလာသည့်အခါမျိုးတွင် mode ကိုပြောင်းလဲနိုင်သောကြောင့် ရထားဖြင့်ခရီးသွားလာရာတွင် ယခင်ထက် ပိုမို အဆင်ပြေ ထိရောက်မှုရှိကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.