Connect with us

News

နည်းပညာမြင့် သင်္ဘောများ ၂၀၂၀ ပြည့်နှစ် တရုတ်ရေကြောင်းကုန်စည်ပြပွဲ (CMEE) တွင် ပြသ

ဆန်းကျန့်၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်ရေကြောင်းကုန်စည်ပြပွဲ (CMEE) တွင် တရုတ်နိုင်ငံက နည်းပညာမြင့် သင်္ဘောများ ပြသခဲ့သည်။ တရုတ်ရေကြောင်းကုန်စည်ပြပွဲ (CMEE)ကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ရေငုပ်သင်္ဘောJiaolongနှင့် ၎င်း၏ mothershipဖြစ်သည့် Shenhai Yihao (DeepSea No. 1)နှင့် သောင်တူးသင်္ဘော Tian Kun Hao တို့ကိုလည်း ပါဝင်ပြသခဲ့သည်။တရုတ်နိုင်ငံမှတည်ဆောက်သော သောင်တူးသင်္ဘော Tian Kun Haoသည် အာရှတိုက်ရှိ သောင်တူးသင်္ဘောအမျိုးအစားများတွင် အကြီးဆုံးသင်္ဘောကြီးတစ်စင်း ဖြစ်ကြောင်း သိရသည်။

သင်္ဘောအရှည် ၁၄၀ မီတာ၊ အကျယ် ၂၇.၈ မီတာ ရှိသော အဆိုပါသင်္ဘောသည် ပင်လယ်ရေအောက်အနက် ၃၅ မီတာ၊ တစ်နာရီလျှင် ၆,၀၀၀ ကုဗမီတာ(m³) တူးဖော်နိုင်ကြောင်း သိရသည်။အဆိုပါပြပွဲတွင် လူတင်ရေငုပ်သင်္ဘော Jiaolongနှင့် ၎င်း mothership ဖြစ်သည့် Shenhai Yihao(DeepSea No.1)ကိုလည်း ပြပွဲတွင် ပြသခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် Jiaolongသည် Mariana Trench သမုဒ္ဒချောက်တွင် ရေအနက် ၇,၀၆၂ မီတာအထိ သွားလာနိုင်ခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.