ဗျူနို အေးရိစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အာဂျင်တီးနားခရီးစဉ်သည် နှစ်နိုင်ငံ ၏ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Jorge Faurie ကပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ) ရန်ကုန်မြို့ မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန်ဆည်းဆာ ခံစားနိုင်မည့် ခရီးစဉ်အား စနေနှင့် တနင်္ဂနွေ အားလပ်ရက်များအတွင်း အပတ်စဉ် Yangon Water Bus မှ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နေအိမ် ၉ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်မှု အရ သိရသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စပိန်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည်အခါသမယ ကို အခြေပြုကာ ဆက်ဆံရေး တိုးတက်မှု ပူးတွဲမြှင့်တင်ရန်နှင့် နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူး ပိုမိုပေးနိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့တွင် ကာလတန်ဖိုးကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၀၂၅ ပြားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။