Connect with us

North America

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီအမတ် မစ်ရွမ်းနီ မဲမပေး

၂၀၁၂ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် မဲဆွယ်မှုပြုလုပ်နေသော ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း မစ်ရွမ်းနီ အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)
အမေရိကန် ရီပတ်ဘလီကန်ပါတီ မှ ဆီးနိုတ်အောက်လွှတ်တော်အမတ် မစ်ရွမ်းနီ( Mitt Romney) သည် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဒေါ်နယ်ထရမ့်အား မဲပေးခဲ့ခြင်းမရှိကြောင်း အမေရိကန်သတင်းမီဒီယာက အောက်တိုဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ကာလရှည်ကြာစွာ ဝေဖန်မှုများပြုလုပ်ခဲ့သည့် Utah ပြည်နယ် ဆီးနိုတ်လွှတ်တော်အမတ် ရွမ်းနီသည် ထရမ့်အတွက် မဲပေးခဲ့ခြင်းမရှိကြောင်း ၊ သို့သော်လည်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်အား မဲပေးခဲ့ခြင်း ရှိမရှိကိုမူ မသိရှိရကြောင်း ရွမ်းနီ၏ ရုံးအဖွဲ့က အတည်ပြုခဲ့သည်ဟု The Hill သတင်းဝက်ဆိုက်က ဖော်ပြခဲ့သည်။

ရွမ်းနီသည် ၂၀၁၂ သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီး ပြိုင်ဘက် သမ္မတဒုတိယသက်တမ်းအတွက်ဝင်ရောက်ယှဉ်ပြိုင်သော  ဒီမိုကရက်တစ်ပါတီမှ ဘရက်အိုဘားမားအား ရှုံးနိုမ့်ခဲ့သူဖြစ်သည်။

သမ္မတအခွင့်အာဏာသုံး၍ ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးမှု ပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလက သမ္မတထရမ့်အပေါ် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရာတွင် ရွမ်းနီသည် တစ်ဦးတည်းသော GOP ကိုယ်စားပြု ဆီးနိုတ်လွှတ်တော်အမတ်အဖြစ် သမ္မတတွင် အပြစ်ရှိကြောင်း မဲပေးခဲ့သူဖြစ်သည်။ သို့သော် ကွန်ဂရက်အားနှောင့်ယှက်မှုပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်တွင်မူ ၎င်းက သမ္မတတွင် အပြစ်မရှိကြောင်း မဲပေးခဲ့သည်။

ထရမ့်သည် ရွမ်းနီ၏ ၂၀၁၂ သမ္မတလောင်းမဲဆွယ်ပွဲ နှင့် ၂၀၁၈ ဆီးနိုတ်လွှတ်တော်အမတ်လောင်း မဲဆွယ်ပွဲ နှစ်ခုစလုံးတွင် ထောက်ခံမှုပြုလုပ်ခဲ့လင့်ကစား ၎င်းတို့နှစ်ဦးအကြား သဘောထားမတိုက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ရွမ်းနီအား ကြိမ်ဖန်များစွာ ဝေဖန်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

စက်တင်ဘာလ နှောင်းပိုင်းက ဖလော်ရီဒါပြည်နယ်၌ ပြုလုပ်သော လူထုထောက်ခံပွဲတစ်ခုတွင် ထရမ့်က သမ္မတအမည်စာရင်းသွင်းမှုတွင် တရားရုံးချုပ် တရားသူကြီး Amy Coney Barrett ထံ ကန့်ကွက်မှု မပြုလုပ်ချိန်ကတည်းကစပြီး ၎င်းအား တစ်ချိန်က စွပ်စွဲပြစ်တင်မှုပြုလုပ်ခဲ့သည့်  ရွမ်းနီအပေါ် “ စိတ်မဆိုးတော့ပါဘူး” ဟူ၍ အရွမ်းဖောက် ပြောကြားခဲ့သည်။(Xinhua)