Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လွှတ်တော်အသီးသီးအတွက် မူလက ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက် စုစုပေါင်း ၆၉၆၉ ဦးရှိရာမှ ယခုအခါ ကိုယ်စားလှယ်လောင်း ၅၈၃၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ်သော ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့်သတင်းများ ထုတ်ပြန်သည့်အစီအစဉ်တွင် ဆင်ဟွာ၏ မေးမြန်းမှုအား ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အကုန်လုံးက ၆၉၆၉ ဦး ရှိတယ်လို့ ပြောခဲ့ပြီးပြီ ။ ၆၉၆၉ ဦး ရှိတာကို နောက်ဆုံး ၉ ဦးက အရည်အချင်း ပျက်ယွင်းလို့ ၉ ဦးကို ပြန်ပြီး ပယ်ဖျက်ခဲ့တယ် ဆိုတော့ ၆၉၆၀ ကျန်တယ် ။ အခု UDP က အဖွဲ့ဝင် ၁၁၂၉ ဦး ရှိတဲ့အခါကြတော့ ၅၈၃၁ ဦးပဲ ကျန်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ဘေးရန်ကင်းကွာ လုံခြုံ စိတ်ချစွာ မဲပေးနိုင်ရေး အတွက် COVID-19 ကာလအတွင်း အလားတူ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် တောင်ကိုရီးယား၊ ဂျပန် နှင့် သီရိလင်္ကာ နိုင်ငံတို့တွင် ရွေးကောက်ပွဲ ကျင်းပကြပုံများကို လေ့လာကာ နမူနာကောင်းများ ရယူ ပြင်ဆင် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုသတ်မှတ်ထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီးရှိသည့်အနက် ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117