ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော် အကြို၊ အကျနှင့် အကြတ်နေ့ သုံးရက်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ထိခိုက်ဒဏ်ရာရရှိသူ ၅၅၅ဦးရောက်ရှိကာ သေဆုံးသူ ၅ဦးရှိကြောင်း အဆိုပါဆေးရုံကြီးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် တူမီးသေနတ် ၂ လက်နှင့် လက်ပစ်ဗုံး ၁၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သြင်္ကန်ရက်များအတွင်း ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုများကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
တိဘက်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တိဘက်ဒေသ၏ သာယာလှပမှုများကို ဆင်ဟွာသတင်းဋ္ဌာနက ရိုက်ကူးတင်ဆက်ခဲ့ရာ တရုတ်နိုင်ငံ၏ အလှအပများကိုခြုံငုံကြည့်ရှုခြင်း အစီအစဉ်မှ တစ်ဆင့် ရှုစားနိုင်ကြပါသည်။ (Xinhua)