ဂျီနီဗာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) COVID-19 လူနာများကို ကုသသော ဆေးဝါးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာစမ်းသပ်မှုတစ်ခုမှ နောက်ဆုံးထုတ်ပြန်လိုက်သော ရလဒ်များအရ အဆိုပါ ဆေးဝါးများမှာ COVID-19 ကြောင့် သေဆုံးမှုကို ကာကွယ်ခြင်း သို့မဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းများတွင် ထိရောက်မှု “အနည်းငယ်ရှိ...
ဟနွိုင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပြီးခဲ့သည့်ရက်အနည်းငယ်က သဘာဝဘေး အန္တရာယ်များကြောင့် လူ ၆၂ ဦး သေဆုံးကာ ၅ ဦးပျောက်ဆုံးနေကြောင်း သဘာဝဘေး တားဆီးထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများနှစ်စဉ် လက်မှတ်သက်တမ်းအတည်ပြုလဲလှယ်ခြင်းလုပ်ငန်းအား နိုဝင်ဘာ၁၆ ရက်တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေး ဖော်ထုတ်မှုစွမ်းဆောင်ရည်ကို ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ရန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များကို ဦးစားပေးရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အား အပိုင်း သုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်ကို အမြန်ဆုံးစတင်နိုင်ဖို့အတွက် ညှိနှိုင်းမှု အဆင့်ဆင့်အား ဆောင်ရွက် လျက်ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁၇...