ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်အရာရှိများအား ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်အပြည့်ဖြင့် လက်တွေ့ကျသော ပြဿနာရပ်များကိုဖြေရှင်းရာတွင် စိတ်ဆန္ဒရှိစွာ ပြုမူကြရန် နှင့် စစ်မှန်သောရလဒ်များထွက်ပေါ်လာသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် အောက်တိုဘာ ၁၀ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။
ဘရာဇီးလီယာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံရှိ တရုတ်သံရုံးက တရုတ်အစိုးရမှ ဘရာဇီးနိုင်ငံသို့ပေးပို့လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို အောက်တိုဘာ ၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုရန်အတွက် N95 နှာခေါင်းစည်းများ ၊ ကာကွယ်ရေးဝတ်စုံများ ၊ မျက်မှန်များ...
ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က COVID-19 ရောဂါအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရာမှ သမ္မတ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့သို့ အောက်တိုဘာ ၁၀ ရက်က ထွက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၂,၁၅၈) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၆,၀၆၄) ဦးရှိလာပြီဖြစ်ကာ လူနာ(၃၂)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၅၉၈) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင်...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၉ ရက်အထိ ကြိုတင်မဲပေးရန် စာရင်းပေးထားသူ ၁၄,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။