ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း ကြက်သားဝယ်လိုအားကျဆင်းမှုကြောင့် ကြက်ခြံဖမ်းဈေး ကြက်သားတစ်ပိသာလျှင် ၅,၀၀၀ ကျပ် မှ ၁,၈၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာခင်လှိုင်က ဆိုသည်။
ဂျီနီဗာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၉ ရက်အထိ COVID-19 ရောဂါကြောင့်သေဆုံးသူ အရေအတွက် တစ်သန်းကျော်လွန်သွားပြီဖြစ်ကာ ၁,၀၀၀,၀၄၀ ဦးအထိရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်သူများသိရှိလိုသည့် အချက်များကို ဖြေကြားနိုင်ရန်အတွက် ဧပြီ၉ ရက်မှစ၍ ဆေးသုတေသနဦးစီးဌာန၌ (၂၄)နာရီ Call Center 2019 ကို ဖွင့်လှစ်ထားခဲ့ရာ COVID-19 ရောဂါ ကာလအတွင်း စုစုပေါင်းခေါ်ဆိုမှု၏ ၄၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ များမှဖြစ်ပြီး နာဂဒေသကဲ့သို့...
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး တွင် အသက်အကြီးဆုံး အဘိုးအဘွားတို့အားရွေးချယ်ခဲ့ရာ အသက် ၁၂၇ နှစ်အရွယ်ရှိ အဘွားဒေါ်ထွေးကို မြန်မာတစ်နိုင်ငံလုံး၏ အသက်အကြီးဆုံးအဖွားအဖြစ် ရွေးချယ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဖြစ် အသက် ၁၂၆ နှစ် အရွယ်ရှိ အဘိုးဦးကိုကိုကြီး...
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တာဝန်ရှိသူများက စံပြုထိုက်သည့် အမျိုးသမီး ၈၀၀ ဦးနှင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထောက်ပံ့ကူညီခဲ့သည့်အဖွဲ့ ၂၀၀ တို့ကို စက်တင်ဘာ ၂၉ ရက်က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။