Connect with us

Social, Education & Health

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ ပြည်သူ ၅.၅ သန်းကို ၇ နှစ်အတွင်း ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ Linxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Dongxiang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ Bulenggou ကျေးရွာကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြည်သူ ၅.၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၌ ပြတ်သားသောအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသအစိုးရက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကာလအတွင်း ယင်းပြည်နယ်ရှိ စီရင်စု ၇၅ ခုအနက် ၆၇ ခုကို ဆင်းရဲနွမ်းပါးမှုစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း ကန်းစုပြည်နယ် အုပ်ချုပ်ရေးမှု Tang Renjian က ပြည်နယ်မြို့တော် လန်ကျိုးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ Linxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Dongxiang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ Bulenggou ကျေးရွာကို တွေ့ရစဉ် (ဆင်ဟွာ)

ရှေးခေတ် ပိုးလမ်းမနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် သယ်ယူပို့ဆောင်ရေး အချက်အချာတစ်ခုဖြစ်သော ကန်းစုပြည်နယ်သည် တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော ကုန်းတွင်းဒေသတစ်ခုဖြစ်သည်။ကန်းစုပြည်နယ်တွင် ကြမ်းတမ်းသော သဘာဝပတ်ဝန်းကျင်၊ ဖူလုံမှုမရှိသော အခြေခံအဆောက်အအုံနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဖောင်ဒေးရှင်း အားနည်းခြင်းများကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖုံးကွယ်နေခဲ့ပြီး ဆင်းရဲနွမ်းပါးမှု ဝန်ထုပ်ဝန်ပိုးကို အလေးလံဆုံးထမ်းထားရသည့် ပြည်နယ်များအနက် တစ်ခုဖြစ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ကန်းစုပြည်နယ်ရှိ လူဦးရေ ၆ သန်းနီးပါးမှာ ဆင်းရဲနွမ်းပါးမှုအောက်တွင် ရှိနေခဲ့ပြီး ပြည်နယ်ရှိ လူဦးရေးစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။ ကန်းစုပြည်နယ်သည် လွန်ခဲ့သည့် ၇ နှစ်ကျော်အတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးတွင် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ခဲ့ပြီး ဆင်းရဲသောနယ်မြေများတွင် အခမဲ့ပညာသင်ကြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာအသစ်များနှင့် သန့်ရှင်းသောရေရရှိရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.