မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး မက္ကဆီကိုနိုင်ငံ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၉ ရက်ထုတ်ပြန်ကြေညာချက်အရ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၇ ဦးသေဆုံးကာ လူပေါင်း တစ်သိန်းရှစ်သောင်းကျော် သဘာဝဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) / သတင်း ရေးသားသူ – စိုးသန်းလင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု နယ်မြေ အတွင်းရှိ ရွေးကောက်...
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID – 19 ကာလအတွင်း Quarantine Center နှင့် ကျန်းမာရေးဝန်ထမ်းများ ခေတ္တအနားယူနိုင်ရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၄၅ လုံး စီစဉ်ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က...
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် အာရပ် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) သည် နိုင်ငံများအကြား ကပ်ရောဂါတိုက်ဖျက်ရေး အလေးထားမှုတစ်ခုဖြစ်လာကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esperအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ Christopher Miller အား ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတ ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။