Connect with us

COVID-19 UPDATES

COVID – 19 ကာလ Quarantine Center နှင့် ကျန်းမာရေးဝန်ထမ်းများ ခေတ္တအနားယူနိုင်ရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၄၅ လုံး စီစဉ်ထား

COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဟိုတယ်တစ်လုံးတွင် ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် COVID – 19 ကာလအတွင်း Quarantine Center နှင့် ကျန်းမာရေးဝန်ထမ်းများ ခေတ္တအနားယူနိုင်ရန် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၄၅ လုံး စီစဉ်ဆောင်ရွက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။

“စုစုပေါင်း ၄၅ လုံးမှာ တချို့တွေ က ဟိုတယ်၊ တည်းခိုရိပ်သာတွေပါတယ်။ Quarantine ဟိုတယ်အနေနဲ့ လုပ်မယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေအတိုင်းလိုက်နာရင်ရပြီ။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ထိုသို့ Quarantine Center နှင့် ကျန်းမာရေးဝန်ထမ်းများ ခေတ္တအနားယူနိုင်ရန် နေပြည်တော်တွင် ဟိုတယ် ၄လုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၄၄ လုံးရှိကြောင်း သိရသည်။ လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် အလုပ်နားနေရသူများအား သင်တန်းများပေးခြင်း၊ နေ့တွက်ခပေး၍ သင်တန်းတက်စေခြင်းများ ပြုလုပ်ထားပြီး တစ်ဖက်တွင် ပညာဆည်းပူးနိုင်သလို အခြား တစ်ဖက်တွင် ဝင်ငွေရရှိအောင်လည်း အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။ထို့ပြင် COVID-19 အလွန်ကာလတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)