Connect with us

North America

ထရမ့်က အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper အား ရာထူးမှ ထုတ်ပယ်

ပုံစာ ၁- အမေရိကန်ကာကွယ်ရေးဝန်ကြီးMark Esperအား ဖေဖေဝါရီ ၂၆ ရက်က ဝါရှင်တန်တွင် တွေ့ရစဉ် (Photo by Shen Ting/Xinhua) 

ဝါရှင်တန်၊နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esperအား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ Christopher Miller အား ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ကြောင်း သမ္မတ ထရမ့်က နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

Mark Esper၏ ရာထူးတာဝန်က အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ ပင်တဂွန်အကြီးအကဲတာဝန်ကို Christopher Millerက ချက်ချင်းတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထရမ့်က ယင်းနေ့တွင် ၎င်း၏ လူမှုကွန်ရက် မီဒီယာမှ တစ်ဆင့် ပြောကြားခဲ့သည်။
အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် Mark Esperသည် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကာကွယ်ရေးဝန်ကြီး Jim Mattis ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ မှ ဇွန်အထိ ကာကွယ်ရေးဝန်ကြီးတာဝန်ကို Patrick M. Shanahanက ယာယီထမ်းဆောင်ခဲ့သည်။

ယခုအသက် ၅၅ နှစ်ရှိပြီဖြစ်သည့် Christopher Miller သည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်မှစ၍ အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ထိုမတိုင်မီက အမေရိကန် အမျိုးသားလုံခြုံရေးကော်မတီ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြံပေး၊ အထူးစစ်ဆင်ရေးနှင့် အကြမ်းဖက်သမားများ တိုက်ဖျက်ရေးဆိုင်ရာတာဝန်များကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)